part 11

3.6K 582 9
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၁၁)

"ဘာလို့ ထိုင်​နေ​သေးတာလဲ .. ငါဆွဲထူ​ပေး ရဉီးမှာလား"

ကျိုးဝမ် စိတ်မငြိမ် ဖြစ်​နေသည့်အပြင် ယွင်​ယောင်နှင့် ချန်ချန် တို့ကို​ တွေ့လိုက်သည့်အခါ ပို၍အလိုမကျ ဖြစ်သွား​သည်။

"​မေ​မေ .."

ယွင်​ယောင် ရင်ခွင်ထဲ ရှိ​နေ​သော ချန်ချန်က သူ၏လက်​ သေး​သေး​လေးကို​ မြှောက်ကာ အမေဖြစ်သူ၏ မျက်ရည်များကို သုတ်​ပေး​လေသည်။ လိမ္မာကာ သိတတ်​လွန်း​သော သား​လေးကြောင့် ယွင်​ယောင် စိတ်ကို​လျော့ချကာ ...

"အ​မေ .. ဒီကို ဘယ်လိုလုပ်​ ရောက်လာတာလဲ"

သီးခြား စံအိမ်ကြီးထဲတွင် အိမ်​ဖော်များ၊ ကိုယ်ရံ​တော်များနှင့်​ နေထိုင်သူများ သူမထံ ဘယ်လို​ကြောင့်​ ရောက်လာကြတာလဲ။

"ကျစ်ကျွင်းက နင်နဲ့နင့်သားကို မ​ခေါ်သွားခဲ့ဘူး ဆိုရင် ငါဒီကိုလာခဲ့မလား .. ငါတို့အတွက် ထမင်းဟင်းပြင်​ပေး "

အမှန်မှာ သူမသား​ကြောင့် မဖြစ်နိုင်​ပေ။ မ​နေ့ညက စစ်တပ် ဖုန်းလိုင်းများ ပြတ်​တောက်ခဲ့​သော်လည်း ကျိုးကျစ်ကျွင်း နှင့်သာ အဆက်အသွယ်ရခဲ့ပြီး သူတို့ကို အိမ်ထဲတွင်​ စောင့်​နေရန်နှင့် လာ​ခေါ်မည်ဟု ​ပြောခဲ့သဖြင့် ယွင်​ယောင်ကို လာရှာရန် မလိုခဲ့​ပေ။ သို့​သော် မနက်​ရောက်သည့်အခါ အိမ်​ဖော်များနှင့် ကိုယ်ရံ​တော်များမှာ မ​ကောင်းဆိုးဝါး ဖြစ်ကုန်ကြကာ သူတို့​ရှေ့တွင်ပင် လူများကို ကိုက်ဖြတ်ကုန်သဖြင့် အသက်လုကာ ထွက်​ပြေးခဲ့ကြရသည်။ အစတွင် မြို့​တော်သို့ ထွက်သွားချင်​သော်လည်း ကိုယ်ရံ​တော် အများအပြားလည်း ​သေကုန်ကြပြီး ဖုတ်​ကောင်များမှာ တစ်စတစ်စ ပိုမိုများပြားလာသဖြင့် အလွယ်တကူ ထွက်သွားရန် မဖြစ်နိုင်​တော့​ပေ။

"ကျစ်ကျွင်း​ ​ရော .. အဆင်​ပြေရဲ့လား"

သူမခင်ပွန်းက သူမနှင့် သား​လေးအတွက် စဉ်းစား​​ပေးသည်ဟု သိရသဖြင့် ယွင်​ယောင် စိတ်ထဲ​ နွေး​ထွေး သွား​လေသည်။ ဖုန်းဆက် မရခဲ့သဖြင့် အနည်းငယ် စိတ်ပျက်ခဲ့ရသည်က ​ပျောက်ကွယ် သွား​လေသည်။ သူမခင်ပွန်းက သူမကို ချစ်​နေသ​ရွေ့ သူမတစ်ခုခု မှားယွင်းသွားမည်ကိုလည်း မ​ကြောက်​တော့​ပေ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now