part 36

3.4K 523 0
                                    

Unicode

အခန်း (၃၆)

မည်းနက်နေသော ညအမှောင်ထဲတွင် တောက်လောင်နေသော မီးမှာ အလွန်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ သူတို့ပြန်လာရာ လမ်းတွင် အကျိုးအကြောင်း စူးစမ်းရန် ရောက်လာသော လန်ယဲ့ဟန်နှင့် တွေ့ဆုံကြလေသည်။ ဟေးယွီမှာ သူတို့ မြင်တွေ့ခဲ့ရသော သွေးပျက်ဖွယ် မြင်ကွင်းကို ပြောပြရန် စိတ်သွေး ဆူနေသော်လည်း လန်ယဲ့ဟန်မှာ ခြားနားစွာပင် ဒေါသမီးများ တောက်လောင်နေသည်

"သူတို့ကို သတ်လိုက်ကြရအောင်"

စခန်းချခဲ့ရာ နေရာသို့ ပြန်လာခဲ့ကြစဉ် လန်ယဲ့ဟန်က ရုတ်တရက် ပြောလိုက်သောကြောင့် ယွင်ချဲ့ အံ့ဩတကြီး လှည့်ကြည့် လိုက်သည်။ ထို့နောက် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မဆီလျော်သော စကားဖြင့် တုံ့ပြန်လိုက်သည်။

"ကြည့်ရတာ တော်တော် အေးလာပုံပဲ"

အေးစက်ခြင်းက မကောင်းသော နိမိတ်ပင်။ ပြီးခဲ့သော လကုန်ရက်တွင် ကမ္ဘာပျက်ကပ်မှာ နှင်းများစွာ ကျဆင်းပြီးနောက် ဖြစ်ပေါ်လာခြင်းပင်။

"ဘာပြောတာ ?"

ရုတ်တရက် စကားလမ်းကြောင်း ပြောင်းသွားသည်ကို နားမလည် ဖြစ်နေသော လန်ယဲ့ဟန်က ယွင်ချဲ့ကို စိတ်ရှုပ်ထွေး သွားဟန်ဖြင့် ကြည့်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး ... မီးတောက်က အရမ်းကြီးတော့ အခြားနေရာက ဖုတ်ကောင်တွေကို ဒီနေရာ ရောက်အောင် ဆွဲဆောင်လိမ့်မယ် .. ဒီနေရာက အမြန်ထွက်သွား ကြရအောင်"

ယွင်ချဲ့ များများစားစား မရှင်းပြတော့ဘဲ လမ်းအမြန် လျှောက်ကာ ထွက်သွား လိုက်သည်။ ဓါတ်ဆီဆိုင်သို့ ပြန်ရောက် လာကြချိန်တွင် ရှင်းဖုန်းနှင့် ကျန်သော သူများမှာ အပြင်ဘက်တွင် စောင့်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ တစ်ခုခုကို ခံစားမိလိုက်ကြပုံပင်။

"ဒီကနေ ထွက်သွားကြမယ် .. ခင်ဗျားတို့ရော လိုက်မှာလား"

ရှင်းဖုန်းကို ယွင်ချဲ့ တိုက်ရိုက် မေးလိုက်သည်။

"လိုက်မယ်လေ"

ရှင်းဖုန်း တုံ့ဆိုင်းခြင်း မရှိဘဲ ပြန်ဖြေလိုက်ပြီး ယန်းဟွိုင်အန်းနှင့် အခြားတစ်ယောက်ကို အခြေအနေ စစ်ဆေးရန် ချက်ချင်း လွှတ်လိုက်သည်။ ညအချိန် သွားလာနေခြင်းမှာ အန္တရာယ် များလွန်းသည် မဟုတ်လား။ မနက် အရုဏ်တက်ချိန်ထိ လုံခြုံစွာ နေထိုင်နိုင်မည့် နေရာလိုအပ်ပေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now