Unicode
အခန်း (၉၀)
နေ့လယ်တွင် လန်ယဲ့ဟန် နှင့် အခြားသူများပြန်လာခဲ့ကြပြီး ယွင်ချဲ့ က တာဝန်အကြောင်း ရှင်းပြရာ အဖွဲ့သားများမှာ ငြင်းဆန်ခြင်းမရှိဘဲ အစီအစဉ်ကို လက်ခံကြလေသည်။ ထိုတာဝန်ကို အဖွဲ့ဝင် ၆ယောက်နှင့် လုပ်ဆောင်မည်ဖြစ်သည်။ အဖွဲ့ဝင်များမှာ အိမ်ရှင်းလင်းရာတွင် ကူညီပေးနေပြီး ယွင်ချဲ့ က ယဲ့ရှင်းချန် နားနေသောအခန်းထဲသို့ ဝင်လာခဲ့သည်။
"လာပြီလား .. ထိုင်ပါဦး"
ခုတင်ခေါင်းရင်းကိုမှီကာ စာဖတ်နေသော ယဲ့ရှင်းချန် က မော့ကြည့်လိုက်ပြီး ပြုံးပြကာ သူငယ်ချင်းဟောင်းများကဲ့သို့ နှုတ်ဆက်လေသည်။
ယွင်ချဲ့ လည်း ထိုင်ခုံယူကာ ထိုင်လိုက်ပြီး ...
"ရက်လည်းအတော်ကြာပြီဆိုတော့ သက်သာနေပြီထင်ပါတယ် အပြင်ထွက်ပြီး လမ်းလေးဘာလေးလျှောက်ပါဦး ... အခန်းထဲပဲနေနေရင် ကောင်းကောင်းမပျောက်နိုင်ဘူးနော်"
ယွင်ချဲ့ ၏ ပထမစကားက သူတို့အား နှင်ထုတ်တော့မည်ဟု ယဲ့ရှင်းချန် ထင်လိုက်သော်လည်း စကားဆုံးသည့်အခါ စိတ်တွေဝေသွားရသည်။ ယွင်ချဲ့ က သူတို့ကို ထွက်သွားစေချင်သည်မဟုတ်လား။ မနေ့က ....
"တွေးမနေနဲ့တော့ .. ဟုတ်တယ် ခင်ဗျားက သဘောကောင်းလွန်တော့ မမက ကျွန်တော့်ကိုခေါ်ပြီး ပြောပေးတယ် ... မမနဲ့ ချန်ချန် တို့ စိတ်ဆိုးမှာစိုးလို့ ကျွန်တော်တို့ရဲ့ထိပ်ဦးအဖွဲ့ကိုဝင်ဖို့ ဖိတ်ခေါ်ချင်တယ် ဝင်ချင်လား"
ယဲ့ရှင်းချန် ၏ပုံစံကြောင့် ယွင်ချဲ့ အမြန်ပြောကာ တည်ငြိမ်စွာဖြင့် မေးလေသည်။ သူ၏အစ်မ တောင်းဆိုခြင်းကြောင့် ယဲ့ရှင်းချန် နှင့် ကျန်းရှန် တို့ကို နေခွင့်ပေးခြင်းမဟုတ်ဘဲ ယဲ့ရှင်းချန် နှင့် ကျန်းရှန် တို့မှာ ယွင်ချဲ့ တို့နှင့် သာတူညီမျှပင်။
"ဟင် ?"
ယဲ့ရှင်းချန် မှာ ခေတ္တဆွံ့အသွားသော်လည်း အရာရာနားလည်ပြီးနောက် ရယ်မောကာ ကျန်းရှန် ကို လှည့်ကြည့်လိုက်သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်ကစစ်သည်တော်
Romanceဘာသာပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)