Part 174

617 74 2
                                    

174 01

အခန်း ၁၇၄။ ကျူးကျော်သူကိုရှာဖို့ ကူညီပေးရမှာလား ဟေးယွီက စော်ကားခံရသလို ခံစားရတယ်

"ဝေ့စစ်တပ်က သာမန်လူတွေနဲ့ စွမ်းအားရှင်နှစ်ရပ်လုံးအတွက် တက်ရောက်နိုင်တဲ့ အခမဲ့ကျောင်းတစ်ကျောင်းကို အပိုင်းစီမှာ တည်ဆောက်မယ်လို့ ခုနကပဲ ကြေညာတယ်။ ကျောင်းက မူလတန်းကနေ ဆယ့်နှစ်တန်းအထိ ပညာသင်ယူခွင့်ရရှိမယ် မူလတန်းကျောင်းသားတွေက နေ့လယ်စာရမယ်"

ကူးမင်ရွှမ်းသည် အားလုံးမမေးခက်သုန်မှုန်နေသော အမူအရာဖြင့် သတင်းကို ကြေညာလိုက်၏။ အားလုံးက သတင်းကြားလိုက်ရသည့်အချိန်၌ မှုန်ကုပ်ကုန်တော့သည်။ ထိုအကြံဉာဏ်သည် သူတို့မနေ့တုန်းက တွေးသည့်အကြံနှင့် တစ်ထပ်တည်း တူ၏။ မော့စစ်တပ်သည် ယနေ့ကျောင်းအစီအစဉ်ကို ကြေညာတော့မှာဖြစ်သည်။ သို့သော် ဝေ့စစ်တပ်က မနက်စောသောစီးစီး ကြေညာလိုက်၏။ တိုက်ဆိုင်လွန်းနေပုံပေါ်သည့် ဝေ့စစ်တပ်က သသတို့အကြံဉာဏ်ကို တစ်နည်းနည်းဖြင့် ခိုးသွားတာပဲ ဖြစ်ရမည်။

"ဒီအကြောင်းကို ဝမ်းယန်ဘာပြောလဲ သူတို့ဆီကနေ သတင်းပေါက်ကြားတာလား"

သတင်းဆိုးကြောင့် လူတိုင်းသည် စားချင်စိတ် မရှိတော့ပေ။

ရှင်းဖုန်းသည် ထရပ်ပြီး‌နောက် အခန်းထဲက ထွက်သွား၏။ သက်ပြင်းချပြီးနောက် ယွင်ချဲ့သည် အသားပေါက်စီအချို့ကို သူ၏စွမ်းအားနယ်မြေထဲသို့ ထည့်ပြီးနောက် မတ်တတ်ထရပ်လိုက်၏။

"အားလုံးပဲ မနက်စာ စားနှင့်ကြ ငါသွားစစ်ဆေးလိုက်မယ်"

ပြီးနောက် သူသည် ရှင်းဖုန်းနှင့် ထွက်သွား၏။ ကျန်သည့်သူများက တစ်ယယောက်ကိုတစ်ယောက်ကြည့်ကာ ဘာကိုမှ စားချင်စိတ်မရှိတော့ပေ။ သူတို့၏အကြံဉာဏ်ကို ကူးယူသည့် တစ်စုံတစ်ယောက်ကို ရှာတွေ့လိုက်ပြီး သူတို့က အကြံဉာဏ်ကိုတောင် မကြေညာရသေးခင် ထိုလူများက ကြေညာလိုက်၏။ မည်ကဲ့သို့ စိတ်မတိုဘဲနေမည်နည်း။

"ဝမ်းယန်ကပြောတာတော့ သူ့ရဲ့မိဘတွေနဲ့ သူယုံကြည်ရတဲ့ လူတချို့အကြောင်းကိုပဲ ဒီအစီအစဉ်အကြောင်း ပြောပြခဲ့တာ သတင်းအချက်အလက် သူတို့ပေါက်ကြားစေတဲ့ပုံ မပေါ်ဘူး"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now