part 25

3.8K 539 6
                                    

Unicode

အခန်း (၂၅)

"ပြီးတော့ရော"

"ငါတို့ သူ့ကို ဆက်ပြီး ပျိုးထောင်ကြမယ်"

သူ၏ဆုံးဖြတ်ချက်​ကြောင့် ကျန်​သောသူများ အံ့အားသင့် သွားကြသည်ကို သိသော်လည်း ယွင်ချဲ့ တစ်စက္ကန့်ပင် တုံ့ဆိုင်းခြင်း မရှိပေ။ သူ၏ ညီမှာ ဖုတ်​ကောင် ဖြစ်လာခဲ့သည့်တိုင် သူ၏ ညီလေးပင်။

အခြားသူများသည် သူ့ကို အမှန်တကယ် အံ့အားသင့်ခဲ့ ရသော်လည်း ယွင်ချဲ့၏အစီအစဉ်ကို ​ရောက်တတ်ရာရာ ခန့်မှန်းကြ​လေသည်။ ဖုတ်​ကောင်ကို ပျိုး​ထောင်​ သင်ကြား​ပေးခြင်းက ထိုကဲ့သို့ အလွယ်တကူ ဆုံးဖြတ်နိုင်​သော အရာလား။ သို့သော် ပဲသကြားစေ့များ​ကို ငြိမ်သက်စွာ စားသုံးနေသော ယွင်ချန် ကိုကြည့်ကာ အလွန်ချစ်စရာ ​ကောင်းသည်ဟု မြင်ကြမိ​လေသည်။

"မင်းဘယ်လို ပျိုးထောင်မှာလဲ"

လန်ယဲ့ဟန် ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ​မေးလိုက်သည်။ သူ၏ ယောက်ျားပီသသော မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေပြီး လက်သီးများကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ သူ၏နက်​မှောင်​သော မျက်လုံးများက တလက်လက် တောက်ပ နေလေသည်။

"ရိုးရိုး​လေးပါပဲ .. သူလူတွေကို စားမလား ဖုတ်​ကောင် အမြု​တွေတွေကို စားမလားဆိုတာပဲ .. အမြု​တွေ​တွေက ဖုတ်​ကောင်​တွေရဲ့ ဦးခေါင်းထဲမှာရှိတာ မင်းအဲဒါကို လိုချင်ရင် မင်းဖုတ်ကောင်တွေကို သတ်ရမယ် ပြီးရင် သူတို့ ဦးနှောက်ကိုဖွင့်ပြီး အမြု​တေကို ရှာရမယ်"

သူတို့နှစ်ဉီး၏ ပထမဦးဆုံး တွေ့ဆုံမှု ဖြစ်သော်လည်း ထိုသူသည် ညီငယ်နှင့် ပတ်သက်၍ အလွန် ဂရုတစိုက် ရှိသည်ကို ယွင်ချဲ့ သတိထားမိသည်။ ထို့အပြင် သူတို့ ရောက်ရှိလာသော အချိန်တွင် သူနှင့် အခြားတစ်ယောက်သည် သူ၏ညီကို ကာကွယ်ရန် အရှေ့မှ ရပ်နေခဲ့ကြသူများ ဖြစ်သည်ကိုလည်း သူမမေ့ပေ။

ယွင်ချဲ့ ပြောသည့်အရာကို သူတို့ မနှစ်မြို့ကြပေ။ ကျိုးဇယ်ယွီနှင့် ယွင်​ယောင်တို့လည်း လမ်းတစ်လျှောက် တွေ့မြင်ခဲ့ရသည်များကို ပြန်အမှတ်ရ သွားကာ ဖြစ်နိုင်သည် ဆိုလျှင်​တောင် ယွင်ချဲ့က ဖုတ်​ကောင်များ၏ ဦးခေါင်းကိုဖွင့်ကာ အမြု​တေ ရှာ​ပေလိမ့်မည်။ ထိုအ​ကြောင်းကို​တွေးမိလျှင် သူလည်း​ အော့အန် ချင်လာသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now