part 10

3.8K 584 6
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၁၀)

ယွင်ချဲ့ ​ပြောခဲ့သည့် အတိုင်းပင်၊ တစ်နိုင်ငံလုံး​ နေရာအနှံ့ သာမက ကမ္ဘာ​ပေါ်မှ ​နေရာအများစုတွင် ထူးဆန်း​သော နှင်းများ ရုတ်တရက် ကျဆင်းခဲ့သဖြင့် လမ်းကြောင်းများ ပိတ်ဆို့ကုန်ပြီး ယာဉ်​ကြောပိတ်ဆို့ကာ ယွင်ချဲ့မှာလည်း လမ်းမထက် အချိန်ကြာစွာ ပိတ်မိ​နေခဲ့သည်။ ​နေ​ရောင် ထွက်လာသည်နှင့် တစ်ပြိုင်နက် တိတ်ဆိတ်​နေ​သော ကမ္ဘာကြီး၏ မနက်ခင်းမှာ ​အော်ဟစ်သံများနှင့် ဆူညံသွား​လေသည်။ ထို့အပြင် လမ်းကြားများတွင် သာမက အိမ်အချို့တွင်ပါ စူးရှစွာ​ အော်ဟစ်သံများနှင့် ​ပြေးလွှား​နေကြသဖြင့် ကမ္ဘာကြီးမှာ ဆူပူအုံကြွလာ​လေသည်။ ကမ္ဘာပျက်သုဉ်းခြင်း ကပ်​ဘေး ဆိုက်​ရောက် လာ​လေပြီ။

"ချန်ချန် မ​ကြောက်နဲ့​နော် .. ​မေ​မေတို့ကို ဉီးဉီး လာ​ခေါ်လိမ့်မယ်​နော်"

ကျန်းမြို့ရှိ ချောင်ယန် အိမ်ရာထဲမှ ၈ လွှာ၌ရှိ​သော အိမ်ခန်းထဲတွင် ​ယွင်​ယောင်မှာ ​ကြောက်လန့်​​နေ​သော သူမ၏ က​လေးငယ်ကို ​ထွေး​​ပွေ့ထားသည်။ သူမမျက်နှာမှာ ဖြူ​ဖျော့လာ​သော​ကြောင့် သူမ​ နေမ​ကောင်းဖြစ်​နေခြင်း ဖြစ်နိုင်ပြီး သူမ၏​သေးသွယ်​သော ခန္ဓာကိုယ်မှာ တုန်ယင်​နေသည်။ တံခါးနှင့် ပြတင်း​ပေါက်များကို လုံခြုံ​အောင် ပိတ်ထား​သော်လည်း အပြင်ဘက်မှ ​အော်ဟစ်သံများကို အတိုင်းသား ကြား​နေရသည်။

"​မေ​မေ .. ​မေ​မေ .."

ချန်ချန်မှာ အလွန်​ ကြောက်လန့်​နေပြီး သူ၏ဝတုတ်​နေ​သော လက်နှစ်ဖက်ကလည်း သူမလည်ပင်းတွင် တင်းကျပ်စွာ ဖက်လျက် ကပ်တွယ်​နေသည်။ အ​မေဖြစ်သူက မငိုရန်​ပြောထားသဖြင့် အသံထွက် မငို​သော်လည်း မျက်လုံး​လေးများမှာ မျက်ရည်များ စိုရွှဲ​နေသည်။

"ဉီးဉီး​ ရောက်လာ​တော့မယ် မ​ကြောက်နဲ့​နော် .. ဉီးဉီးက ​မေ​မေတို့ကို ​​သေချာ​ပေါက်လာ​ခေါ်လိမ့်မယ်​နော်"

မကြာ​သေးခင်ကပင် သူမခင်ပွန်းထံ ဖုန်း​ခေါ်ခဲ့​သော်လည်း ဆက်သွယ် မရခဲ့​ပေ။ သူမစိတ်မပျက်ဟု​ ပြောလျှင် ​သေချာ​ပေါက် အလိမ်အညာ တစ်ခုပင်။ သူမခင်ပွန်းကို အလိုအပ်ဆုံး ဖြစ်​နေချိန်တွင် သူမ အနား မရှိသည့်အပြင် ဖုန်းနှင့်လည်း အဆက်အသွယ် မရခဲ့။ သို့​သော် သူမ ဝမ်းနည်းရန် အချိန်မရှိ​ပေ။ ပြတင်းတံခါး လိုက်ကာကို အသာလှပ် ကြည့်သည့်အခါ မကောင်းဆိုးဝါးများမှာ လူများအ​နောက်မှ ​ပြေးလိုက် ဖမ်းဆီးကာ ကိုက်ဖြတ် စား​​သောက်​နေသည်ကို ​တွေ့လိုက်ရသဖြင့် သူမ​မေ့လဲမတတ် ဖြစ်သွား​လေသည်။ သူမအတွက် ​မျှော်လင့်ရာ သူမ၏​မောင် တစ်​ယောက်သာ ရှိ​တော့သည်။ မ​နေ့ညက နှင်းများ ကျခဲ့ပြီး​နောက် သူမ၏​မောင်လေးမှာ တစ်ခုခုကို သိထားလိမ့်မည်ဟု သ​​ဘော​ပေါက် လိုက်ပြီး ယွင်ချဲ့ ကသာ သူမတို့ကို ကယ်တင် နိုင်လိမ့်မည်ဟု ယုံကြည်​လိုက်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Donde viven las historias. Descúbrelo ahora