Part 119

1.4K 193 0
                                    

Unicode
အခန်း (၁၁၉)

နောက်ကျမှ ရောက်လာသူများက စီစဉ်ဆောင်ရွက်သူနှင့် ဖိတ်ခေါ်သူများထက် ပို၍မှန်ကန်သာလွန် နေပုံပင်။ အစည်းအဝေး မစတင်မီ ကတည်းကပင် စစ်တပ်နှင့် အစိုးရမှာ တစ်မှတ်လျော့နည်း သွားလေပြီ။ ခန်းမထဲရှိ စွမ်းအားရှင်များ အားလုံး မိုက်ရူးရဲပြုကြသည် မဟုတ်သော်လည်း အလိုမကျပုံများဖြင့် ဝေဖန်သူများက အစည်းအဝေးမှာ အရေးတကြီး လုပ်ရန် မလိုကြောင်း တီးတိုး ပြောဆိုနေကြသည်။ အတော်ဆုံး အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ချောင်ယန်းနှင့် ထိပ်ဉီး အဖွဲ့တို့ ရှိနေသဖြင့် စွမ်းအားရှင်များက စည်းကမ်းဖောက်ဖျက်ကြမည် မဟုတ်ပေ။

ရှင်းဖုန်း ထင်ထားသကဲ့သို့ ယွင်ချဲ့မှာ တာဝန်ရှိသူများ၏ အထင်ကြီး ခံရအောင် လုပ်ဆောင် သွားနိုင်ခဲ့သည်။ အစည်းအဝေး မှတစ်ဆင့် အကျိုးအမြတ် ရလာနိုင်သော မော့ဝမ်းယန် မှလွဲ၍ ကျန်သော စစ်တပ် ၂ ဖွဲ့နှင့် အစိုးရတို့က ယွင်ချဲ့ကို သတိကြီးစွာ စောင့်ကြည့် နေကြလေသည်။

ပြဿနာ စတင်ခဲ့သော ယွင်ချဲ့ ဘာမှမဖြစ်သကဲ့သို့ ပြုမူနေပြီး သူ့ကိုအာရုံနေသော အကြည့်များကိုလည်း လျစ်လျူရှုကာ ရှင်းဖုန်းနှင့် တီးတိုးပြောလိုက်၊ တစ်ဖက်လှည့်ကာ အခြားအဖွဲ့ ခေါင်းဆောင်များနှင့် စကားပြောလိုက်ဖြင့် ယွင်ချဲ့မှာ အလွန်ကျော်ကြားနေပုံပင်။

"အားလုံးပဲ ကျေးဇူးပြုပြီး တိတ်နေပေးကြပါ"

၁ဝ နာရီပင် နီးကပ်လာပြီ ဖြစ်သောကြောင့် သနားစရာ ကျန်းဝမ်ရှန်က အစည်းအဝေး ပွဲအတွက် ကိုယ့်ကိုယ်ကို ပြန်လည် ချုပ်တီးလိုက်သည်။ လက်ကိုဝှေ့လျက် ခန်းမကို တိတ်ဆိတ်စေလိုက်ပြီး အများ၏ အာရုံ စိုက်ခံရပြီးနောက် လည်ချောင်း ရှင်းလိုက်သည်။

"အားလုံးကို ဒီနေ့ ဖိတ်ခေါ်လိုက်ရတာက စခန်းအတွက် ရေရှည် သက်ရောက်မှုရှိမယ့် အရေးကြီးကိစ္စတစ်ခု အတွက်ပါ .. စခန်းကလည်း တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ဒုတိယ တံတိုင်းကလည်း ဝမ်အန်း ဆင်ခြေဖုံးက ရွာတွေနား ရောက်လာပြီ ဆိုတာကိုလည်း သိကြမယ်လို့ ယုံကြည်ပါတယ် ... လင်းကျန်းမြို့ရဲ့ ဝမ်အန်းပြည်နယ်ထဲက မြို့တွေရွာတွေကိုလည်း အုပ်ချုပ်နိုင်ခဲ့ပြီး မြေကွက် အများစုကလည်း ထွန်ယက် စိုက်ပျိုးလို့ရနေသေးတယ် ... တကယ်လို့ ကြာရှည် အသက်ရှင် နိုင်ခဲ့ကြတယ်ဆိုရင် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ စုဆောင်းကြတာထက် အခြားပိုပြီး လိုအပ်လာနိုင်တာတွေ ရှိတယ် ... ဒါကြောင့် စခန်းရဲ့ တာဝန်ရှိသူတွေက အသစ်ချဲ့ထားတဲ့ မြေကွက်တွေမှာ လယ်ယာစိုက်ပျိုးဖို့ အတွက် ရေရှည်ငှားယမ်းဖို့ သဘောတူညီချက် ယူမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ် အချက်အလက်တွေကို ပြီးရင် ကြေညာပါ့မယ် ... အခုအရင်ဆုံး ကြုံရမယ့် ပြဿနာက လယ်ယာမြေစိုက်ပျိုးဖို့ အတွက် မျိုးစေ့ပျိုးပင်တွေကို ဘယ်ကရှာဖွေရမှာလဲ ဆိုတာပဲ ဒီအချက်ကို မဖြေရှင်းဘဲ စိုက်ပျိုးမယ် ဆိုတာတော့ မဖြစ်နိုင်ဘူးလေ ... ဒါက တောက်ပတဲ့ အနာဂတ်အတွက် စခန်းက ဘယ်လိုလုပ်ပေးတယ် ဆိုတာပါပဲ"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now