Part 129

1.4K 194 2
                                    

Unicode

အခန်း (၁၂၉)

၃ ရက်ကြာပြီးနောက် စစ်တပ်နှင့် ပြည်သူတို့၏ ပူးပေါင်း စစ်ဆင်ရေး ပထမဆုံးနေ့သို့ ရောက်လာခဲ့သည်။ ထိပ်ဉီး အဖွဲ့ဝင်များ စောစောထကာ တက်ကြွရဲရင့်မှု အပြည့်နှင့် ထမင်းစားခန်းထဲတွင် စောင့်နေကြလေသည်။ သာမန် အချိန်များကဲ့သို့ အသက်ဝင်နေခြင်း မရှိဘဲ တိတ်ဆိတ်နေသည်။ အထူးသဖြင့် ယွင်ယောင်မှာ စကားပြောရန် တုံ့ဆိုင်းနေပြီး ရှင်းဖုန်းနှင့် ယွင်ချဲ့ တို့ကို တစ်လှည့်စီ ကြည့်နေလေသည်။ အာရုံလျင်လျင် ထားလျက် အရာရာ ပုံမှန်ဖြစ်နေသကဲ့သို့ ပြုမူနေသည်။ စားပွဲတွင် စားသောက်နေကြပြီး အစားအစာများကိုလည်း တစ်ယောက် ပန်းကန်ထဲ တစ်ယောက် ထည့်ပေး နေကြသည်။

"ချဲ့ !"

စခန်းဂိတ်တံခါးသို့ သွားမည့် ဘတ်စ်ကားပေါ်သို့ ယွင်ချဲ့တို့ တက်ခါနီးအချိန်တွင် ယွင်ချဲ့ကို ယွင်ယောင် လှမ်းခေါ်လိုက်သည်။

"ခင်ဗျား အရင်သွားနှင့်လိုက်"

ရှင်းဖုန်းနှင့် ပြောပြီးနောက် ယွင်ယောင်ကို ထောင့်တစ်နေရာသို့ ခေါ်သွားလိုက်သည်။

"မမ .. မမအတွက် လက်ခံဖို့ ခက်ခဲတာ ကျွန်တော် သိပါတယ် ဒါပေမယ့် ကျွန်တော်တို့ မောင်နှမတွေကိုပဲ ကြည့်လေ .. ကျွန်တော်က အပျော်ရွှင်နိုင်ဆုံးသူ တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးရှိတယ် ဒါပေမယ့် အခြားသူတွေပေးတဲ့ ကြင်နာမှုထက် ပျော်ရွှင်မှုကို ပိုလိုချင်တယ် ရှင်းဖုန်းက အဲဒီလိုပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ သူတစ်ယောက်ပဲ ... ကျွန်တော်တို့ရဲ့ မျိုးဆက်အတွက် မမ စိတ်ပူနေတာ သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ ချန်ချန် ရှိနေတယ်လေ ကျွန်တော့်မှာ ကလေးမရှိတာ အရေးကြီးလို့လား ... ဒီလို ကပ်ဘေးမှာ ကလေး တစ်ယောက်ကို ပျိုးထောင်ဖို့ ဆိုတာ မလွယ်သလို ကျွန်တော့် ကလေးကို ဒီလိုကာလမှာ မမွေးလာစေချင်ဘူး။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မမ နားလည်ပြီး လက်ခံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

သေချာ တွေးတောပြီးနောက် အခြားသူများ မနက်ခင်း လေ့ကျင့်ခန်း လုပ်ရန် ထွက်သွားသည့် အချိန်တွင် သူနှင့် ရှင်းဖုန်း အကြောင်းကို ယွင်ယောင်အား ပြောပြတော့မည်ဟု ယွင်ချဲ့ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ယွင်ယောင်မှာ တစ်မနက်လုံး ပုံမှန်မဟုတ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Όπου ζουν οι ιστορίες. Ανακάλυψε τώρα