part 12

3.7K 645 6
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၁၂)

"ဒါကျွန်မအိမ် .. ကျွန်မဝင်​စေချင်တဲ့ သူကို​ပေးဝင်မယ်"

ကျိုး မိသားစု၏​ ​ချွေးမစဖြစ်သည်မှစ၍ အခုပထမဆုံးအကြိမ် ​ယောက္ခမဖြစ်သူကို တုံ့ပြန်​ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ကျိုးဝမ် ပြန်​မ​ပြောရ​သေးချိန်တွင် ယွင်​ယောင် သူမ၏က​လေးကို ချီကာ တံခါးဝသို့ အမြန်​ပြေး သွား​လေသည်။

"သူ့ကိုတားကြ တံခါးကို မဖွင့်​စေနဲ့"

ကျိုးဝမ်လည်း သတိဝင်လာပြီး အထိတ်တလန့်​ အော်လိုက်သဖြင့် ကိုယ်ရံ​တော်၂​ယောက် ခဏတုံ့ဆိုင်း​ နေ​သော်လည်း အမြန်​ပြေးသွားကာ ဖမ်းချုပ်လိုက်သဖြင့် ယွင်​ယောင် တံခါးဖွင့်ရန် မမီလိုက်​ပေ။

"ငါ့ကိုလွှတ် ... နင်တို့​တွေ ​ရှောင်ချဲ့ကို သတ်မလို့လား .. ငါ့ကိုလွှတ် ..."

ဖြန်း ဖြန်း

လက်နှစ်ဖက်ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားကြသဖြင့် ယွင်​ယောင် လက်ထဲမှ ကလေးငယ် ပြုတ်ကျသွားပြီး ယွင်​ယောင်လည်း အားကုန် ရုန်းကန်​သဖြင့် ကျိုးဝမ် ​ဒေါသတကြီး သွားကာ သူမမျက်နှာကို နှစ်ချက်ရိုက်လိုက်ရာ ယွင်​ယောင် မျက်နှာမှာ ဖူး​ယောင် သွား​လေသည်။ ထိုအသံကို အပြင်ဘက်တွင် ရှိ​နေ​သော ယွင်ချဲ့ ​သေချာရှင်းလင်းစွာ ကြားလိုက်ရသဖြင့် တံခါးကို ​ဇောစိတ်နဲ့ ထုရိုက်​နေ​တော့သည်။

"မင်းတို့​​တွေ ငါ့အစ်မကို ထိခိုက်​အောင် လုပ်ရဲလုပ်ကြည့် ငါဝင်လာတဲ့အခါ မင်းတို့ကို အရှင်လတ်လတ် ခုတ်ပိုင်းပစ်မယ်”

"မိစ္ဆာ​ကောင်  ဝင်နိုင်ရင် ဝင်လာခဲ့​လေ .. ငါကနင့်ကို​ ကြောက်​နေရမှာလား"

ကျိုးဝမ်မှာ သူမကို ကာကွယ်ရန် ကိုယ်ရံ​တော်များ ရှိသည်ဟု စိတ်ချယုံကြည်ကာ ခါးထောက်လျက် ရပ်​နေ​လေသည်။ ထိုစဉ် ရုတ်တရက် အပြင်ဘက်တွင် ရှိ​သော ယွင်ချဲ့ အသံတိတ်ဆိတ် သွားပြီး ဖုတ်​ကောင်များ၏​ ဟိန်းသံများကိုသာ ကြားရ​တော့သဖြင့် ယွင်ချဲ့ ​ကြောက်လန့်​နေခြင်း ဖြစ်မည်ဟု ကျိုးဝမ် ယူဆကာ စိတ်​​ကျေနပ်​ နေ​လေသည်။ ထိုစဉ် လင်းရှောင်ဟန်က သူ​တော်​ကောင်း​ယောင်​ ဆောင်လျက် ...

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now