Part 53

3.2K 457 1
                                    

အခန်း (၅၃)

"ပစ္စည်းကိရိယာတွေရှာမတွေ့ဘူး"

ရိုးရှင်းသော ဖြေရှင်းချက် တစ်ခုက မည်သူမျှ မယုံကြည်သော အစိုးရ ခေါင်းဆောင်များနှင့် စစ်တပ်မှ လူများကို ထွက်သွား​ စေလိုက်သည်။ စခန်းဌာနချုပ်သို့ ဝင်လာခဲ့သည့် အချိန်တွင် ယခုတစ်ကြိမ် စုဆောင်းရရှိသော ပစ္စည်းများသည် အရေးကြီးသည်ဟု သူတို့ ပြောခဲ့ကြသဖြင့် ထိုအခြေအ​နေကို အခြား​သော အဖွဲ့များ လက်မခံနိုင်ကြ​ပေ။ မည်သို့ပင် ဆိုစေကာမူ ရှင်းဖုန်း တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ တုံ့ပြန်ခဲ့သဖြင့် နောက်ဆုံးတွင် ထိုသုံးယောက်မှာ လက်ဗလာနှင့် ပြန်သွားခဲ့ရသည်။ ရှင်းဖုန်း ထံမှ ကိရိယာများကို လွှဲပြောင်းရယူနိုင်ရန် ​မော့ မိသားစု၏ စစ်တပ်ကို ကြားဝင် ညှိနှိုင်းပေး​ရေး အတွက် အကူအညီ​ တောင်းခံရန် ပြင်ဆင်ကြ​လေသည်။

​ဒေါက် ... ​ဒေါက်

အိမ်ကြီးမှာ အဆင်သင့် မဖြစ်​သေးသဖြင့် ယွင်ချဲ့မှာ ရှင်းဖုန်း အိမ်တွင် ခေတ္တငှား​နေ​လေသည်။ အခန်း အနည်းငယ်သာ ရှိ​သော​ကြောင့် ​ယောကျ်ား​လေးများ တစ်ခန်းတည်းတွင် ​နေကြရပြီး ယွင်​ယောင် နှင့် ကျန့်ယာ​​ဖေး မှာ ကလေးငယ်နှင့်အတူ တစ်ခန်း​နေရသည်။ ယွင်ချဲ့မှာ အမျိုးသမီး နှစ်ယောက်ရှိသည့် အိမ်ကို ရှာဖွေကာ အလုပ်ရှုပ်နေပြီး လန်ယဲ့ဟန်၊ ကျိုးဇယ်ယွီ နှင့် ရွှေမှော်အစွမ်းရှိ​သော လုဟိုင်ရွှမ်းတို့မှာ ​နေ့စဉ် အပြင်ထွက်ကာ ဖုတ်​ကောင်များကို သတ်ဖြတ်ရှင်း​လင်း​လေ့ရှိပြီး အမြု​တေများကို စုဆောင်းလျက် သူတို့၏အစွမ်းကို အဆင့်မြင့်တင်ရန် ကြိုးစားကြ​လေသည်။ အရေးပေါ် ကိစ္စရပ်ကြီး ကြုံ​တွေ့ရပြီး​နောက်တွင် သူတို့၏စွမ်းရည်မှာ အားနည်း​နေ​သေး​ကြောင်း သိရှိသွားကာ တိုးတက် ကောင်းမွန်လာရန် ပို၍ကြိုးစားကြရမည် ဖြစ်ကြောင်း သိလာကြသည်။

ယွင်ချဲ့လည်း သူတို့၏ စွမ်းရည်တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ မကြာခဏ​ တွေးဆ​လေ့ ရှိသည်။ လုဟိုင်ရွှမ်းကို ကယ်ဆယ်ပြီး နောက်တွင် ​ဟေးယွီ၏ အခြေအနေကို စစ်ဆေးရန်အတွက် ​​လေဟာနယ်သို့ ချက်ချင်း ပြန်လာခဲ့သော်လည်း နေရာအနှံ့ ရှာဖွေပြီးသည့်တိုင် ​ဟေးယွီကို ရှာမ​တွေ့ခဲ့​ပေ။ ​ဟေးယွီ၏ အသက်ရှူသံကို ခံစားမိ​နေသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွား​လေသည်။ ထို့နောက် သူ၏ညီငယ်ကို ဖြီးလိမ်း သန့်စင် ပေးလိုက်ပြီး အမြု​တေ အချို့ကို​ပေးကာ အတူတကွ ထိုင်​နေလျက် သူတို့၏ စွမ်းအား​ ကောင်းမွန်​စေရန် မည်သို့ လုပ်ရမည်ကို စဉ်းစားသုံးသပ် နေလေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now