Part 57

2.7K 404 1
                                    

အခန်း (၅၇)

အနောက်တောင် ဌာနချုပ် စခန်း၏ အဓိကနေရာ ခြောက်ခုမှာ ဧရိယာ A, B, C, D, E, F တို့ ဖြစ်ကြသည်။ ဧရိယာ A တွင် သိပ္ပံသုတေသီများ၊ နည်းပညာရှင်များ၊ စစ်တပ်အရာရှိ အရာခံများနှင့် သူတို့၏ မိသားစုများ ​နေထိုင်ကြသည်။ ဧရိယာ B တွင် ဗိုလ်များ၊ စစ်သားများနှင့် သူတို့၏ မိသားစုများ ​နေထိုင်ကြသည်။ ဧရိယာ C တွင် စစ်တပ်က စုဆောင်းထား​သော စွမ်းအားရှိ သူများ၊ သူတို့၏ ​ဆွေမျိုးများနှင့် ဌာနချုပ်ကို ထောက်ပံ့​ ပေး​နေရသူများ ​နေထိုင်ကြသည့် အပြင် အရည်အချင်း ရှိ​သူများသည်လည်း ဧရိယာ C တွင် နေထိုင်ခွင့် ရ​လေသည်။

ဧရိယာ D တွင် နေထိုင်သူ အများစုမှာ အုပ်စုဖွဲ့ ချုပ်ချယ်ခံရခြင်းကို မနှစ်သက်​သော စွမ်းအားရှိသူများ ​နေထိုင်ကြသည်။ စခန်းသို့ ဝင်လိုက်သည်နှင့် သူတို့လိုအပ်​သော ပစ္စည်းများကို အပ်နှံသူမှန်သမျှ ဧရိယာ E တွင် နေထိုင်နိုင်သည်။ ဧရိယာ F မှာ ပြောစရာ မလို​အောင်ပင် အဆင်းရဲဆုံး သူများသာ ​နေထိုင်ကြသည်။ ထို​နေရာတွင်​ နေထိုင်သူများမှာ အထောက်အပံ့မရှိ စွမ်းအားလည်း မရှိ​သောကြောင့် ဌာနချုပ်၏ အထိန်းအကွပ်မဲ့ဆုံး နေရာလည်း ဖြစ်သည်။ ဓားပြတိုက်ခြင်း၊ ရန်ဖြစ်ခြင်းနှင့် အခြား အဆိုးရွားဆုံး ကိစ္စများမှာ ထို​နေရာတွင် နေ့တိုင်းနီးပါးဖြစ်​နေသည်။ လူ​သေမှု မဖြစ်​သေးသ​ရွေ့ အရေးမပါ​သော ကိစ္စများ ​ဘေးဖယ်ခံရပြီး အားနည်းကာ မည်သည်ကိုမှ မတတ်နိုင်​သော သူများက အနိုင်ကျင့် ခံရသည့်အပြင် ​လှောင်​ပြောင်းခြင်းလည်း ခံရ​ပေသည်။

ထို​နေရာများအနက် ဧရိယာ C မှာ အစည်ကားဆုံး နေရာဖြစ်​နေပြီး အရောင်းအဝယ် လုပ်ငန်းကို ဖွင့်လှစ်လိုက်ခြင်းက လူများကို ပို၍ စည်ကားစေသည်။ နေ့လယ်ပိုင်းတွင် ချူးဟောင်လင်း၏ နှောင့်ယှက်မှုများကို ယွင်​​ယောင် တောင့်ခံကာ ငါးချိုချဉ်ဟင်းနဲ့ ငါးအစပ်ကြော်တို့ကို ချက်လိုက်သည်။ ထို့နောက် ထပ်ပေါင်းဟင်း အနေနှင့် ပုစွန်ပေါင်း၊ မာပိုတို့ဖူး၊ ပုစွန်ကြက်ဥကြော်၊ ဝက်သား အစပ်ကြာဇံကြော်၊ ဟင်းရွက်ကြော်၊ သခွားသီးသုပ်၊ ကြက်ဥမုန်ညှင်း စွပ်ပြုတ်တို့ကိုလည်း မြိန်ယှက်ဖွယ် ချက်ပြုတ် လိုက်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now