part 6

4K 576 3
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၆)

ယွင်ချဲ့ မ​နေ့က ဝယ်ယူခဲ့​သော ပစ္စည်းများကို သို​လှောင်ရန် ငှားယူထား​သော​ နေရာသို့ သယ်ယူလာခဲ့​လေသည်။ စိုက်ပျိုးသီးနှံဆိုင်သို့ သွားကာ ဆန်၊ ဂျုံ​၊ ​ပြောင်း၊ ​ဂေါ်ဖီမျိုး​စေ့များ အပြင် အခြား​သော သစ်သီးဝလံ မျိုး​စေ့များကိုလည်း ဝယ်ယူလာခဲ့သည်။ စိုက်ပျိုးရသည်ဖြစ်​စေ မရသည်ဖြစ်​စေ သူကြိုးစားကြည့်ရမည်။ ယွင်ချဲ့သည် စားကြက်များကို ​မွေးမြူရန် စဉ်းစားခဲ့​​သော်လည်း ​ဟေးယွီက သက်ရှိများ ​နေ၍ မရဟု​ ပြောခဲ့​သော​ကြောင့် သူလက်​လျော့ လိုက်ရသည်။

​နေ့လယ်အချိန်တွင် ဆံပင်ညှပ်ဆိုင်​ဘေးမှ ဖြတ်သွားသည့်အခါ ဆိုင်ထဲဝင်၍ ဆံပင်ညှပ်​လေသည်။ ဆံပင်ညှပ်ဆိုင်မှ ကတ်​ကြေးများကို ကြည့်လျက် ​နောက်ပိုင်း ကာလများတွင် လိုအပ်လာနိုင်သည်ဟု ယွင်ချဲ့ ​တွေးမိသဖြင့် ဆိုင်မှ ထွက်ပြီး​နောက် ကတ်​ကြေး ၁ဝ ချောင်း ဝယ်ယူခဲ့သည်။ ပျက်သုဉ်း ကာလတွင်းတွင် ဆံသဆိုင်များ ဖွင့်မည် မဟုတ်​သော​ကြောင့် ​ကောင်းမွန်သော အ​တွေးဟု ​တွေးမိလိုက်သည်။

ယွင်ချဲ့သည် ညဘက်တွင်လည်း အ​ဆောင်သို့ မပြန်​တော့ဘဲ သို​လှောင်ရုံမှ တစ်ဆင့် တခြားနယ်ပယ်သို့ ဝင်​ရောက် သွား​လေသည်။ ထို​နေရာမှာ တဖြည်းဖြည်းနှင့် အနည်းငယ်စီ ကြီးမားကျယ်ပြန့် လာ​နေသည်။ ​ဟေးယွီကို ​အားဖြည့်​ ချော့ကလက်​ချောင်း ပစ်​ပေးပြီး​နောက် ​ဟေးယွီ၏ အကြံအရ နယ်​မြေကို ၃ ပိုင်းခွဲကာ တစ်ပိုင်းတွင် သို​လှောင်ရမည့် ပစ္စည်းများကို စီရီထားပြီး ​နောက်တစ်ပိုင်းတွင် ဂျုံ၊ ​ပြောင်း၊ အသီးအရွက်ပင် အနည်းငယ်ကို စိုက်ပျိုးကာ ​ရေကန်အနီးရှိ ကျန်​သော​ မြေအပိုင်းကို ယာယီ ဖယ်ထားလိုက်သည်။ ထပ်မံ ဝယ်ယူလာခဲ့​သော သစ်သီးပင်နှင့် မျိုး​စေ့များကို ​တောင်​ခြေတွင် စိုက်ပျိုးထားလိုက်သည်။ အလုံးစုံ လုပ်ပြီး​နောက် ယွင်ချဲ့ ပင်ပန်းလာသဖြင့် ​ဟေးယွီကို မီလျက် အိပ်​ပျော် သွား​လေသည်။

အချိန်မှာ အလွန် ကုန်မြန်လှသည်။ ၁ဝ ရက်တာဟူသော အချိန်မှာ မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံး သွားလေပြန်သည်။ လူမှုကွန်ရက်များ​ ပေါ်မှ ​ချေးယူရရှိ​ခဲ့​သော ယွမ် ၂ သိန်းနီးပါးကိုလည်း အသုံးပြုခဲ့ပြီး ပျက်သုဉ်း ကာလအတွင်း လိုအပ်လာနိုင်သည့် ​စျေးကြီး ပစ္စည်းများကို ဝယ်ယူနိုင်ရန် အတွက် ​ငွေအလုံအ​လောက် မရှိ​​​တော့သဖြင့် ငှားရမ်းရုံသာ တတ်နိုင်​တော့သည်။ သူ၏စွမ်းအားများ ရှိ​သော်ငြား ​လောဘကြီးဟန် မရှိ​သ​ရွေ့ အခြားသူများလည်း သိနိုင်မည် မဟုတ်​ပေ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now