unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အခန်း (၁၇)
ဖုတ်ကောင်များမှာ အမြင်အာရုံ မကောင်းကြသော်လည်း ညအခါတွင် လူများထက် ပိုမိုရက်စက် ကြမ်းကြုတ်ကြသဖြင့် သူတို့ကို ယွင်ချဲ့ ရန်မစရဲပေ။ ညအချိန် ရောက်လာသောအခါ အိမ်ကြီး တစ်အိမ်ရှေ့၌ ရပ်လိုက်ကြပြီးနောက် ယွင်ချဲ့က ကျိုးဇယ်ယွီကို သူ၏အစ်မနဲ့ တူလေးအား စောင့်ရှောက် ပေးရန်မှာခဲ့ပြီး ဓားကိုယူလျက် ကားထဲမှထွက်ကာ အနီးနားမှ ဖုတ်ကောင်များကို သုတ်သင် ရှင်းလင်းလိုက်သည်။
တံတိုင်းငယ်လေးဖြင့် ကာရံထားသော နှစ်ထပ်အိမ်ထဲတွင် လူရှိပုံ မပေါ်သော်လည်း ဖုတ်ကောင်များ၏ ညည်းတွားသံကို ခပ်သဲ့သဲ့ ကြားနေရသည်။ အပြင်ဘက်တွင် ရှိနေသော ဖုတ်ကောင်များကို ယွင်ချဲ့ ရှင်းလင်းလိုက်ပြီး ဖုတ်ကောင်များ၏ ခေါင်းထဲမှ သလင်းကျောက်ကို ယူကာ နံရံကို ကျော်တက် သွားလေသည်။ ဆယ်မိနစ် ကြာပြီးနောက် သံတံခါး ပွင့်သွားခဲ့ပြီး ယွင်ချဲ့သည် လက်ထဲတွင် ဓားကိုင်ထားလျက် သွေးများ ပေကျံနေကာ ထွက်လာခဲ့သည်။
"ဉီးဉီး .. မေမေနာနေတယ်"
ယွင်ချဲ့ ကားကို ခြံဝင်းထဲသို့ မောင်းသွားပြီး သံတခါးကို ပိတ်ကာ သူပြန်မလာသေးခင်ထိ ကားတံခါးကို လုံးဝ မဖွင့်ပေ၊ သူ၏တူလေးမှာ အမေဖြစ်သူကို ဖက်လျက် သူ့အား မျက်နှာငယ်လေးနှင့် ကြည့်နေလေသည်။
"ဘာမှမဖြစ်ပါဘူး မေမေက နေမကောင်းလို့ပါ .. သားကို ဉီးလေးကျိုး ချီပေးမယ်နော်"
အစ်မဖြစ်သူ၏ အခြေအနေကို ကြည့်ကာ ယွင်ချဲ့ ကားထဲမှ ခေါ်ထုတ် သွားလိုက်သည်။
ချန်ချန် ခေါင်းကိုညိတ်လျက် ..
"ကျေးဇူးပါ ဉီးလေး ကျိုး"
"မင်းက လိမ္မာတာပဲ ဖက်တီးလေး"
ဇီယွိက ကလေးငယ်ကို ကောက်ချီကာ ချီးကျူးလေတော့ ချန်ချန်က မျက်မှောင်ကြုတ်လျက် ...
"ချန်ချန် က ဖက်တီး မဟုတ်ပါဘူး"
"အာ.."
ဖက်တီး မဟုတ်ဘူးဆိုတာ သေချာရဲ့လား
YOU ARE READING
ကမ္ဘာပျက်ကပ်ကစစ်သည်တော်
Romanceဘာသာပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)