Part 182

615 68 0
                                    

182 01

အခန်း(၁၈၂)

ဥက္ကဌရွေးကောက်ပွဲ၌ မထင်မှတ်ထားသည့် အခြေအနေ ဖြစ်ပေါ်လာခြင်း

ရှင်းဖုန်းက ရွှေရောင်လင်းယုန်နှစ်ကောင် ရလာသောအခါ ချန်းချန်းနှင့် ယွင်ချယ်သည် ရှင်းဖုန်းထက် ပိုစိတ်လှုပ်ရှားနေပုံ ပေါ်နေ၏။ ရံဖန်ရံခါ၌ သူတို့သည် လင်းယုန်တစ်ကောင်ကို အသွင်ပြောင်းခိုင်းပြီး အခြေစိုက် စခန်းအထက် ကောင်းကင်ထဲ၌ သူတို့ကို ပျံသန်းခိုင်း၏။ ရက်အနည်းငယ်အတွင်း၌ အခြေစိုက် စခန်းထဲရှိ လူတိုင်းက သူတို့၌ အိမ်မွေးတိရိစ္ဆာန် အသစ်နှစ်ကောင် ရလာကြောင်း သိသွားကြပြီဖြစ်ကာ ယွင်ချယ်က တိရိစ္ဆာန်ရုံ ဖွင့်တော့မည်ဟု ဟာသက ပျံ့နေလေ၏။

နောက်ရက်အနည်းငယ်က ဟောလိဝုဒ် ရုပ်ရှင်တစ်ကားပမာ သည်းထိတ်ရင်ဖို ဆန်လှပေ၏။ သွေးနွယ်ပင် စိုက်ပျိုးသည့်ည၌ သူတို့သည် ခြံဝင်းအပြင်ဘက်က အော်သံများ ကြားလိုက်ရသည်။ သူတို့အပြင်သို့ ထွက်လာချိန်၌ ကိုယ်ပျောက်စွမ်းအားရှင်တစ်ယောက်သည် အပင်၌ညှိနေပြီး သေနေပြီဖြစ်၏။ နွယ်ကြိုးများက သူ၏ခန္ဓာကိုယ်ထဲ ထိုးစိုက်နေကာ သူ၏သွေးနှင့် အသားများကို စားသုံးနေ၏။ လူတိုင်းသည် ကျောချမ်းဖွယ် ပုံရိပ်ကြောင့် ထိတ်လန့်သွားကြသည့်တိုင် သူတို့စိတ်အေးသွားကြတော့သည်။ ယခု သွေးနယ်ပယ် အလုပ်ဖြစ်ကြောင်း သိသွားပြီဖြစ်သောကြောင့် သူတို့သည် ကိုယ်ပျောက် ကျူးကျော်သူများအကြောင်း စိုးရိမ်ပူပန်ရန် မလိုအပ်တော့ချေ။

နောက်တစ်နေ့၌ လူအများကြား၌ ကောလဟာလတစ်ခု စတင်ပျံ့နှံ့လာ၏။ ကျောင်းကိစ္စသည် ဝေ့စစ်တပ်၏ စွမ်းအားရှင် အဖွဲ့အစည်း၏ ဥက္ကဌနေရာအတွက် လာမည့်ရွေးကောက်ပွဲတွင် မဲရဖို့ လိမ်ညာမှုတစ်ရပ်သာ ဖြစ်သည်။ ကောလဟာလ ဇစ်မြစ်ကို မည်သူမှ မသိသော်ငြား အချိန်တိုအတွင်း အခြေစိုက် စခန်းအနှံ့ ပျံ့သွားပြီဖြစ်၏။ ၎င်းကို အချို့က ယုံကြည်ကြပြီး အချို့က မယုံကြည်ကြပေ။ လူအများစုက ဝေ့စစ်တပ်၏ လှုပ်ရှားမှုကို စဉ်းစားတွေးတောနေ၏။ ယွင်ချယ်ယခင်က ပြောခဲ့သည့်အတိုင်း လူအများက သင်၏ လှုပ်ရှားမှုကို စတင်အမေးထုတ်လာပြီဆိုလျှင် ကောင်းမွန်သည့် ကိစ္စရပ်ကတောင် မကောင်းသည့် ပူးပေါင်းကြံစည်မှုနှင့် တူသွားလိမ့်မည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Tempat cerita menjadi hidup. Temukan sekarang