Part 163

874 99 1
                                    

163 01

အခန်း ၁၆၃/၁၆၆ တိုက်ခိုက်ဖို့ ရွေးချယ်ခြင်း

"ချဲ့ ဘယ်လိုတာဝန်မျိုး ငါတို့ရွေးသင့်လဲ ဒီနေ့က မုန့်ရွှီပထမဆုံး တာဝန်ထမ်းဆောင်တဲ့နေ့ ရိုးရှင်းတာလေး ရွေးကြရအောင် ဘာပြောမလဲ"

လူတိုင်းသည် မစ်ရှင်တစ်ခုပြီးတစ်ခု ရွေးချယ်ခဲ့ကြ၏။ ယွင်ချဲ့သည် ထိပ်ဦးအဖွဲ့သို့ ပြန်ရောက်သည့်အချိန်၌ သူတို့သည် မစ်ရှင်ပြဇယားဆီသို့ အတူသွားလိုက်ကြသည်။ အနားရှိလူများက သူတို့ကို နွေးထွေးစွာ နှုတ်ဆက်စကားပြောပြီးနောက် သူတို့အတွက် အလိုလိုပင် လမ်းဖယ်ပေးမိကြ၏။ ယွင်ချဲ့တစ်ခါက ပြောခဲ့ဖူးသည့်အတိုင်း သူတို့က တမူထူးခြားသည်။ ကော်ပီကူးသူများက သူပါရန် ကြိုးစားသည့်အဖွဲ့ကို ဘယ်တော့မှ ကျော်တက်နိုင်မှာ မဟုတ်ပေ။ ကမ္ဘာပျက်ကပ်အသူရာကဲ့သို့ အဖွဲ့များက ကျန်သည့်သူများဆီ၌ ဤကဲ့သို့လေးစားမှုမျိုး ရမှာမဟုတ်ပေ။

"အမြဲတမ်းအဆင့်နှစ်ရထားတဲ့ ထိပ်ဦးအဖွဲ့မဟုတ်ဘူးလား ဒီနေ့ ဘယ်လိုမထင်မရှားမစ်ရှင်မျိုးကို မင်းတို့တွေ လုပ်မလို့လဲ"

ရုတ်တရက် လှောင်ပြောင်ထေးရိသည့် အသံတစ်သံ ပေါ်ထွက်လာ၏။ အနားရှိလူများက လှည့်ကြည့်လိုက်ရာ လူတစ်ဒါဇင်လျှောက်လာတာကို တွေ့လိုက်ရသည်။ မစ်ရှင်ဇယားဆီသို့ ရောက်လာခါစ ယွင်ချဲ့က တစ်ချက်လှည့်ကြည့်ပြီး ကျိုးဇယ်ယွီက သူ့ကို တီးတိုးပြောပြလိုက်၏။

"အဲ့တာက ကမ္ဘာပျက်ကပ်အသူရာလေ ခေါင်းဆောင်က လော့ဟွိုင် အဆင့်သုံး မီးစွမ်းအားရှင် ပြီးတော့ စကားပြောလိုက်တဲ့သူက ‌ထောင်ချန်းနယ်မြေစွမ်းအားရှင်လေ သူ့ရဲ့ကြံ့ခိုင်တဲ့သွင်ပြင်ကြောင့် အလိမ်မခံနဲ့ သူ့ကို ငါလက်နှစ်ချောင်းထဲနဲ့ ဖိချေလိုင်နိုင်တယ်"

"လေစွမ်းအားရှင်တစ်ယောက်အနေနဲ့ နယ်မြေစွမ်းအားရှင်တစ်ယောက်ကို ဖိချေမဲ့အကြောင်း ‌ကြွားနေတာက နည်းနည်းတော့ ရှက်စရာကောင်းမနေဘူးလား"

ယွင်ချဲ့က ကျိုးဇယ်ယွီကို အထင်တသေးတစ်ချက်ကြည့်ပြီးနောက် ခေါင်းခါကာ လှည့်ထွက်သွားလေ၏။ ကျိုးဇယ်ယွီက ငြင်းတော့သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Donde viven las historias. Descúbrelo ahora