Part 189

423 61 0
                                    

189 01

အခန်း(၁၈၉)

ဝိုး အဆင့်တက်သွားတာလား

ယနေ့မွေးနေ့ပွဲ ကျင်းပပြီး စားသောက်မည်ကို တွေးမိပြီးနောက် သူတို့က နေ့စဉ်နေ့တိုင်း ဟင်းလျာများကို မစားနိုင်ခဲ့ပေ။ အယောက်သုံးဆယ်အတွက် လုံလောက်သည့် စားပွဲရှည်ကြီးပေါ်၌ ဟင်းလျာမျိုးစုံ တည်ခင်းထားလေသည်။ ကမ္ဘာပျက်ကပ် မတိုင်မီကသာ မြင်တွေ့နိုင်သော ပင်လယ်စာများ ရထား၏။ ကင်းခရပ်ပေါင်း၊ ပုဇွန်နှပ်၊ ကြက်သွန်ဖြူဖြူ၊ ကမာကောင်၊ ခရုပ်နှပ်တို့ဖြစ်သည်။ သူတို့အားလုံးက အနောက်တောင်ပိုင်းသားများ၏အကြိုက် အရသာပြင်းပြင်း ဟင်းလျာများ ဘဲသွေးငရုပ်ဆီ၊ ငါးအစပ်၊ အမဲအူကြမ်းကြော်၊ လယ်ငါးချက်၊ အမဲသားကြော်၊ ကြက်အူချောင်း၊ ဝက်သားနှင့် ပူပူနွေးနွေး ဟင်းလျာမျိုးစုံကို တောင်းဆိုနိုင်ပေ၏။ ထို့အပြင် ဖြူဖွေးနေသော မှိုဟင်းချိုကိုကြည့်ပြီး အပေါ်၌ စားချင်စဖွယ် အနံ့အသက်တို့ကလည်း ပျံ့လွင့်နေသည်။

"ငါတို့ရဲ့ မွေးနေ့ရှင်လေးက ဒီနေ့ အခမ်းအနားမှူးနေရာမှာ ထိုင်ရမယ်။ လာလိုက်တော့ယောင် ချန်ချန်နဲ့ တူတူထိုင်"

ကျိုးစွယ်ရီနှင့် ကျန်သည့်သူများက စားပွဲနားတွင်ထိုင်နေပြီးသားဖြစ်သည်။ သူတို့က ယွင်ယောင်ဝင်လာတာကို မြင်သည့်အချိန်၌ ထိုင်ရန်ဖိတ်ခေါ်လိုက်သည်။ ကျန်းရဖေးက ယွင်ယောင်ကို တွန်းလိုက်ပြီး သူမကို ဧည့်ခံသူခုံ၌ ထိုင်ခိုင်းကာ ရှင်းဖုန်းသည် ချန်ချန်ကို သူ့မိခင်ဘေးရှိ ကလေးခုံ၌ တင်ပေးလိုက်၏။ ယွင်ယောင်သည် တောက်ပနေသော မျက်နှာဖြင့် ပြောလိုက်၏။

"ချန်ချန်ရဲ့ မွေးနေ့ပွဲကို ပြင်ဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကမ္ဘာပျက်ကပ် အစတုန်းက ကျွန်မတို့တွေ ဒီလိုပျော်ရွှင်ဖွယ် ပွဲမျိုးကို ထပ်မကျင်းပရတော့ဘူးလို့ ထင်ခဲ့တာ"

ယွင်ယောင်ပြောတာ အဓိပ္ပာယ်ရှိပေ၏။ ထိုကဲ့သို့ ချဲ့ကားသော မွေးနေ့ နေ့လည်စာမျိုးကို သူတို့ တစ်မိသားစုထဲသာလျှင် ပြင်ဆင်နိုင်တာပဲဖြစ်သည်။ ဟုတ်ပေ၏ အဖွဲ့အများစုသည် ရိက္ခာများ သိုလှောင်ထားသည်။ သို့သော် ရိက္ခာများ မည်သည့်အချိန်တွင် ကုန်မည်ဆိုတာ မသိပေ။ ပျော်ရွှင်မှုနှင့် အရှုံးသမားကဲ့သို့ ကြွယ်ဝသည့် အဖွဲ့များကတောင် ထိုကဲ့သို့ ခမ်းနားကြီးကျယ်မှုကို မတက်နိုင်။ အလွန်ဆုံးမှ တစ်ရက်လျှင် ထမင်းသုံးနပ်သာ တက်နိုင်၏။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now