Part 181

507 58 0
                                    

181 01

အခန်း(၁၈၁)

လင်းယုန်ဘုရင်နှင့် လင်းယုန်ဘုရင်မနှင့်အတူ အခြေစိုက်စခန်းသို့ပြန်ခြင်း

ဘန်း

ငှက်အားလုံးကို ဘယ်သူကချက်ချင်း အနိုင်ယူလိုက်တာလဲ။ အဲ့ဒါက ကြီးမြတ်လှတဲ့ အံ့ဖွယ်သားရဲပဲပေါ့။

ဟေးယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်ဆုံးတွင် လေထဲ၌ ကျန်နေသေးသော ရွှေရောင်လင်းယုန် အချို့ကလည်း ပုံမှန်အရွယ်အစားအဖြစ် ပြန်ကျုံ့သွားပြီးနောက် မြေကြီးပေါ် တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျလာ၏။ ယွင်ချယ်သည် သေသွားသော ရွှေရောင်လင်းယုန်များကို အိတ်ထဲထည့်ရန် လက်ဝှေ့ယမ်းလိုက်သည်။ အကြည့်တစ်ချက်ဖြင့် လင်းယုန်များသည် ဒဏ်ရာရထားရုံသာဖြစ်ပြီး အသက်ရှင်လျှက် ရှိနေကြောင်း တွေ့လိုက်ရသည်။ သူက ဟေးယွီ၏ပုခုံးကို ပုတ်လိုက်၏။ ဟေးယွီက သူပြောချင်တာကိုသိပြီး မြေကြီးပေါ်၌ လှဲနေသော ရွှေလင်းယုန်များကို ပြောလိုက်၏။

"မင်းတို့ မသေသေးဘူးဆိုတာ သိတယ် ထကြ"

လင်းယုန်များဆီမှ တုန့်ပြန်မှုကို စောင့်မနေဘဲ ဟေးယွီက ကျုံ့လိုက်ကာ ယွင်ချယ်ကို သူ့ကျောပေါ် သယ်ဆောင်လျှက် ရှင်ဖုန်းဆီသို့ သွားလိုက်သည်။

"ဟေ့လူ မင်းကိုကြည့်ပါအုံး။ ခင်ဗျားက လင်းယုန်နည်းနည်း သေးသေးလေးတွေကိုတောင် မကိုင်တွယ်နိုင်ဘူး"

လူတိုင်းကမင်းလို အံ့ဖွယ်စွမ်းအား ရှိနေတာမှမဟုတ်တာ။ ဟုတ်ပြီလား။

မျက်ဆံလှည့်လျှက် ရှင်ဖုန်းသည် သူ၏ဖဲကြိုးကို ပြန်ဆွဲယူကာ ဝံပုလွေဘုရင်၏ ကျောပေါ်ကနေ ခုန်ဆင်းပြီး လျှောက်လိုက်တော့၏။

"မင်းသွေးနွယ်ခွင့် ရလာခဲ့လား"

"ဟင့်အင်း"

မြေကြီးပေါ် ခြေချကာစ ယွင်ချယ်သည် ခေါင်းညိမ့်လျှက် ရှင်ဖုန်း၏နောက်၌ လှည့်နေသည့် တုန်ယင်နေသော လင်းယုန်နှစ်ကောင်ကို ကြည့်လိုက်သည်။ သူတို့သည် ပုံမှန်အရွယ်အစားဖြင့် အသွင်ပြောင်းခဲ့ပြီးပြီ ဖြစ်သော်ငြား သူတို့သည် တစ်မီတာကျော်ခန့် မြင့်နေသေး၏။ သူတို့၌ ခမ်းနားသည့်သွင်ပြင် ရှိသော်ငြား ဟေးယွီသည် ပိုခြိမ်းချောက်နိုင်စွမ်းရှိပြီး ပိုအစွမ်းထက်၏။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now