Part 158

864 109 1
                                    

158 01

အခန်း ၁၅၈ ယွင်ချဲ့၏ အခဲမ‌ကျေမှု

လူအများစုက အိပ်ရာထနောက်ကျပြီး အချို့ကဆို တစ်မနက်လုံးတောင် မထကြပေ။ ယင်းက ထိပ်ဦးအတွက် နောက်ထပ်အားလပ်ရက် တစ်ရက်ဖြစ်သည်။ ယဲ့ရှင်းချန်သည် အိမ်ပြုပြင်မှုအတွက် တာဝန်ယူရမည့်သူဖြစ်သော်ငြား သူသည် တစ်ခါမှ ပေါ်မလာပေ။ မစ္စတာချန်သည် အမြဲတမ်း ကူညီချင်နေသောကြောင့် သူက လက်လွှဲယူလိုက်၏။

"အင်း"

ယွင်ချဲ့သည် အိပ်မက်မက်နေစဉ် လူးလိမ့်နေတော့၏။

"ခင်ဗျားက သားရဲကောင်ကြီးလား"

ယွင်ချဲ့က ရှင်းဖုန်းကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေလေ၏။

"ကိုယ်က မင်းရဲ့အစောင့်အရှောက်သားရဲလေ မဟုတ်ဘူးလား"

ရှင်းဖုန်းက ခါးညွှတ်ကာ ယွင်ချဲ့၏နဖူးကို နမ်းလိုက်လေ၏။

"ထပြီး ရေ‌ချိုးတော့မလား"

ယွင်ချဲ့သည် သူ၏ခန္ဓာကိုယ်ကို အစိတ်အပိုင်းတိုင်းက နာကျင်နေသည့်တိုင် ရှင်းဖုန်း၏ အဆိုပြုချက်ကို ဖယ်ချလိုက်သည်။ သူက သူ့အတွက် စီးကရက်တစ်လိပ် မီးညှိပြီးနောက် မျက်နှာကျက်ကို စိုက်ကြည့်‌နေလိုက်၏။

သူ့စိတ်ခံစားချက် မကောင်းမှန်း သိသည့်တိုင် ရှင်းဖုန်းက ထထိုင်ပြီး ဆံပင်ကို ပွတ်သပ်လိုက်သည်။

"ကိုယ့်ရဲ့ ပေါင်ပေ့ ဘာစားချင်လဲအောက်ဆင်းပြီး မင်းအတွက်ချက်ပေးမယ်"

ယွင်ချဲ့က ဖြည်းဖြည်းချင်း လှည့်လိုက်ရာ သူ၏ပါးစပ်ဖွင့်ရန် ခက်ခဲနေပုံပေါ်ပြီး သူသည် တစ်စုံတစ်ခုကို အကြမ်းပတမ်း ဝါးစားနေပုံဖြင့် ဖြူဖွေးသောသွားများကို ကြိတ်လိုက်လေ၏။

"ဝက်အူချောင်း၊ မှို၊ ခရမ်းသီး၊ သခွားသီး၊ ငှက်ပျောသီး အားလုံးကို ခုတ်ချင်တာ"

"အမ်"

ချဲ့၏ အညှာအတာမဲ့မှုကို ရလိုက်သည်။ ယနေ့သည် ပရမ်းပတာ မနက်ခင်းဖြင့် စတင်လာလေ၏။

"ဟိုင်ရွှမ်းနဲ့ ချူးရော"

ဆူညံ‌နေသောအသံက အပြင်ဘက်၌ ပေါ်နေပြီး ယွင်ချဲ့က ရှင်းဖုန်း၏ ဧည့်ခန်းထဲရှိ ခုံပေါ်၌ ထိုင်နေတာဖြစ်သည်။ သူသည်လည်း မနေ့ညက ချူးဟောင်လင်နှင့် လုဟိုင်ရွှမ်းကြား ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် အံ့ဩသွား၏။ ထိုနှစ်ယောက်သည် စုံတွဲဖြစ်နိုင်ချေ အနည်းဆုံးပဲဖြစ်သည်။ ဟိုင်ရွှမ်းက ချူးကို စကားများလွန်းတယ်လို့ ပြောတာ မဟုတ်ဘူးလား အရေးကြီးဆုံးက ဟိုင်ရွှမ်းက မချက်ပြုတ်နိုင်ဘူးလေ အစားရူးချူးဟောင်လင်က သူ့ကို ဘယ်လိုလုပ်ကြိုက်မှာလဲ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now