part 2

5.2K 609 1
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၂)

"ဟူး .."

သန်း​​ခေါင်ယံ ညနက်အချိန် ဟွာရှား တက္ကသိုလ် ပရိဝုဏ် အတွင်းတွင် ယွင်ချဲ့ အိပ်ရာထက်မှ ရုတ်တရက် လန့်နိုးလာခဲ့ပြီး ပါးလွှာ​သော ညအိပ်ဝတ်​အောက်ရှိ ရင်ဘတ်မှာလည်း တုန်ယင်လျက် ​ချွေးများပင် စိုရွှဲ​နေသည်။ ​ရေနစ်​​သော လူတစ်​ယောက် ကမ်း​ပေါ်​ ရောက်သည့်နှယ် အသက်ကို အဝရှူသွင်း ရှူထုတ်လုပ်လိုက်သည်။

"ငါ ဘယ်​ရောက်​နေတာလဲ ..."

​ကျောင်းအ​ဆောင် ?

ဘယ်​​လောက် ကြာ​သွားမှန်းပင် မသိလိုက်ဘဲ ယွင်ချဲ့ စိတ်တို့ ပြန်လည် တည်ငြိမ်လာသည်။ ယွင်ချဲ့ မြင်ကွင်း​ရှေ့​ ရောက်လာသည်က သု​တေသန စမ်းသပ်ခန်းလည်း မဟုတ်၊ အသက်မဲ့​ခန္ဓာကိုယ်များ စုပုံ​နေသည့် အနိဌာရုံ မြင်ကွင်းလည်း မဟုတ်​ပေ။ ​ထိန်သာ​နေသည့် လ​ရောင်​အောက်တွင် နှစ်ထပ် ခုတင်များ၊ ခဲ​ရောင်နံရံ၊ ရှူးဖိနပ်များ၊ ကြမ်းပြင်တွင် ပြန့်နေ​သော ​ခြေအိတ်တို့ကို မှိန်ပျပျမြင်​နေရသည်။ ထိုမြင်ကွင်းကို အတိအကျ မှတ်မိ​နေ​သော ယွင်ချဲ့သည် ပျက်သုဉ်းကာလ မ​ရောက်ခင် သူ​နေထိုင်​ခဲ့​သော တက္ကသိုလ် အ​ဆောင်ဖြစ်​ကြောင်း သိလိုက်ရသည်။

ဖုန်း ?

ထိုအခိုက်မှာပင် ရုတ်တရက် ယွင်ချဲ့ သူ၏ဖုန်းကို သတိရသွားသည်။ သူမှတ်မိရသ​လောက် ​ခေါင်းအုံး​အောက်ကို စမ်းကြည့်​လေရာ သူ၏ဖုန်းကို ​တွေ့လိုက်ရသည်။ ဖုန်းမျက်နှာပြင်​ကို​ထောက်ပြီး ရက်စွဲကို ကြည့်​သည့်အခါ ၂ဝ×× ခုနှစ် ​ဖေ​ဖော်ဝါရီ ၁၅ရက် ဖြစ်​နေသည်ကို မြင်သည်။

လတစ်ဝက် ကြာပြီး​နောက်တွင် ပျက်သုဉ်း ကာလကို ကျ​ရောက် လာ​တော့မည်။

တစ်နည်း​ပြောရလျှင် ပျက်သုဉ်းကာလ မတိုင်မီအချိန်ကို သူဘယ်လိုလုပ်ပြီး ပြန်​ရောက်လာခဲ့တာလဲ။

"ဟား ဟား " 

ခုတင်ထက် ​တွေ​ဝေစွာ ထိုင်​နေပြီး​နောက် မူး​နောက် လာသဖြင့် ယွင်ချဲ့ လဲချလိုက်သည်။ ပျက်သုဉ်း ကာလအတွင်း ​လူသားများ စိတ်က​မောက်ကမ ဖြစ်ခြင်း၊ သူ၏ အစ်မဖြစ်သူ အသတ်ခံရခြင်း၊ ညီ​လေးမှာ ဖုတ်​ကောင် ဖြစ်သွားရခြင်း၊ ​ယောက်ဖဖြစ်သူ သစ္စာ​ဖောက်ခြင်းနှင့် ချစ်ရသူက ​နောက်​ကျော ဓါးထိုးခြင်းတို့ကို ​လေးနှစ်အတွင်း သူကြုံ​တွေ့ခဲ့ရသည်။ ​မြေအောက် စမ်းသပ်ခန်းတွင် ​ပေါက်ကွဲခဲ့ရာမှ ​လွန်ခဲ့​သော ​လေးနှစ်အချိန်ကို ပြန်လည်​ ရောက်ရှိ လာခဲ့သည်မှာ ဘုရားသခင်က သူ၏ကံဆိုးခြင်းကို သက်ညှာ​သော အားဖြင့် အသစ်တစ်ဖန်စရန် ဒုတိယ အခွင့်အရေး​ ပေးခဲ့ခြင်းများလား။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Dove le storie prendono vita. Scoprilo ora