part 23

3.8K 597 3
                                    

Unicode

အခန်း (၂၃)

"မဟုတ်ဘူး .. မင်းငါ့ကိုမသတ်နိုင်ဘူး … ငါမသေချင်သေးဘူး"

"အမေရေ … ကယ်ပါဦး … ကျွန်တော် မသေချင်ဘူး"

ငါ့ကို သွားခွင့်ပြုပါ မင်းမှာ ငါ့ကို သတ်ပိုင်ခွင့် မရှိဘူး သွားခွင့်ပြုပါ …"

"ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့ ..."

တစ်ဒါဇင်လောက်သာ ရှိသည့် လူများသည် ရာနှင့်ချီသော လူများကို ဘယ်လိုများ ယှဉ်ပြိုင် တိုက်ခိုက် နိုင်မှာလဲ။ မိနစ်အနည်းငယ် အတွင်းမှာပင် သူတို့မှာ ပတ်လည်တွင် ပိတ်မိလျက်ရှိပြီး သီးခြားခွဲ၍ ထွက်ပြေးရန် ကြိုးစားသော အမျိုးသမီး တစ်ယောက်သည်လည်း ဖမ်းဆီး ခံရပြန်လေသည်။ သူတို့အားလုံးသည် ဟွိုင်တက္ကသိုလ်မှ ကျောင်းသားများ ဖြစ်ပြီး အသက်နှစ်ဆယ် ဝန်းကျင်မျှသာ ရှိ​သေးည်။ သူတို့သည် သေဆုံးရမည့် ဘေးဒုက္ခမျိုး ကြုံတွေ့လာရသည့် အခါတွင် သနားညှာတာမှု အတွက် ငိုကြွေး တောင်းပန်ကြသကဲ့သို့ ဒေါသကြီးစွာ အော်ဟစ်ကြသည်။ သူတို့မှာ ဒေါသထွက်နေကာ ကြောက်ရွံ့​နေသည့် အပြင် စိတ်ဝမ်းကွဲ နေကြသည်။

"ပါမောက္ခ ဝမ် သူတို့က ရောဂါပိုး ဝင်ပြီးပြီမလို့ သူတို့ကို သတ်လိုက်ကြစို့"

---

"မင်းဘာကို ဆိုလိုတာလဲ တကယ်လို့ ငါတို့သူတို့ကို မသတ်ရင် သူတို့သန္ဓေ ပြောင်းလာတာနဲ့ ငါတို့သေလိမ့်မယ်"

"ဟုတ်တယ် သူတို့ကို သတ်ကိုသတ်ရမယ်"

အားကစားရုံ အတွင်းရှိ​သော ဆရာဆရာမများနှင့် ကျောင်းသားများ အားလုံး ဒေါသစိတ်များ ပြည့်နှက်နေပြီး အရင်က သိခဲ့သူများ မဟုတ်ကြတော့ပေ။ သူတို့၏ ရုပ်ဆိုး အကျည်းတန်သော မျက်နှာများသည် လက်တွေ့ဘဝမှ အကြင်နာမဲ့ ရက်စက်မှုများကို ဖော်ပြလျက်ရှိသည်။ ဘေးနားတွင် ရပ်နေသော အနီရောင် မျက်ဝန်းများ ရှိ​နေသည့် အမျိုးသမီး တစ်​ယောက် ရုတ်တရက် ခုန်ထွက်လာကာ ...

"မင်းဒါကို မလုပ်နိုင်ပါဘူး ငါတို့ဟာလည်း ခံရသူတွေပါပဲ အခုအချိန်မှာ ဒဏ်ရာရပြီးသား သူတွေက မကောင်းဆိုးဝါးအဖြစ် ပြောင်းသွား နိုင်တယ်လို့ ဘယ်သူက အခိုင်အမာ ပြောနိုင်လို့လဲ ... တကယ်လို့ ငါတို့သာ မကောင်းဆိုးဝါး ဖြစ်မလာဘူးဆိုရင် မင်းက လူသတ်နေတာပဲ"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Όπου ζουν οι ιστορίες. Ανακάλυψε τώρα