Part 152

945 107 0
                                    

152 01

အခန်း ၁၅၂ ဟေးယွီ၏ မူမမှန်မှု

"အင်း ဒါဆိုရင် မင် မြေကွက်တွေ နည်းနည်းလောက် ထပ်ပြုပြင်ထားလိုက် ပိုစိုက်ပျိုးလို့ရတာပေါ့ နောင်ကျ စားစရာတွေလည်း ပိုစိုက်ပျိုးလို့ရလာမယ် စွမ်းအားနယ်မြေထဲမှာ ပေါက်ရောက်တဲ့ အရာတွေက ပိုအရသာရှိတယ်လို့ ငါအမြဲတမ်း ခံစားမိနေတာ"

နယ်မြေကို ထိန်းချုပ်မှုနှင့် ပတ်သက်လျှင် သူက ဟေးယွီလောက် မတော်ပေ။ သူသည် နောင်ကျ နယ်မြေသို့လာပြီး မကြာခဏ စူးစမ်းရမည့်ပုံပေါ်၏။

"ဒါပေါ့ အရသာရှိတာပေါ့ ဒီသီးနှံတွေကို ဝိညာဉ်စွမ်းအားတွေက အားဖြည့်ပေးနေတာလေ နေ့စဉ်နေ့တိုင်း ကြည်လင်တဲ့ ဝိညာဉ်စွမ်းရည်နဲ့ ရေလောင်းပေးနေတာ သခင့်ရဲ့အစ်မနဲ့ ယာဖေးက ပိုပိုလှလာပြီ ယာဖေးရဲ့ မိဘတွေလည်း ပိုနုပျိုပြီး ငယ်ရွယ်လာတာကို သတိမပြုမိဘူးလား ပြီးတော့ သခင်တာဝန်ထမ်းဆောင်ဖို့သွားတိုင်း သခင့်ရဲ့စွမ်းအားတွေက တခြားသူ‌တွေထက် ပိုကြွယ်ဝနေတာလေ ဟုတ်ပြီလား"

ဟေးယွီသာ မျက်‌စောင်းထိုးနိုင်မည်ဆိုလျှင် ယခုလောက်ဆို မျက်‌စောင်းထိုးနေလောက်ပြီဖြစ်သည်။ စွမ်းအားနယ်မြေက ထုတ်လုပ်သည့် ပစ္စည်းများသည် အပြင်လောကနှင့် မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။

"ဒီလို အားသာချက်တစ်ခု တကယ်ရှိတယ်လား"

သူက ခန့်မှန်းမိပြီဖြစ်သော်ငြား ၎င်းကို ကြားလိုက်ရချိန်၌ ယွင်ချဲ့က အံ့ဩမိနေသေးသည်။ ဆိုလိုသည်က နောင်ကျ သူသည် အချိန်ပိုရပြီး နယ်မြေစွမ်အားကို ပိုအားစိုက်ထုတ်ခဲ့မည်ဆိုလျှင် ယင်းက ရတနာအိုးကြီးပမာ ဖြစ်နေလိမ့်မည်။ ၎င်းကို ကောင်းကောင်းအသုံးမလချပါက နှမြောစရာ ကောင်းလိမ့်မည်။

"သခင်က ဉာဏ်ရည်နိမ့်တယ်ဆိုတာ ဝန်မခံသေးဘူးပဲ သခင်နဲ့ပြောရတာ ဒီအံ့ဖွယ်သားရဲရဲ့ ဉာဏ်ရည်တွေကို တကယ် နိမ့်စေတာပဲ"

ဟေးယွီက သူ့ကို မနှစ်မြို့သလို ကြည့်ပြီးနောက် ‌ကန်ကြောက်ကာ မျက်တောင်တစ်ခတ်အတွင်း သူက မီတာတစ်ရာသို့ ရောက်သွား၏။ အစောတုန်းက ယွင်ချဲ့ပြောခဲ့သလို သူသည် မြေရိုင်းများကို အမြန်လေး ပြုပြင်လိုက်တော့သည်။ မျိုးစေ့များ ပြင်ဆင်ပြီးနောက် ဟေးယွီသည် သူတို့ စိုက်ပြီးမပြီး စိုးရိမ်ပူပန်မနေဘဲ မြေကြီးကို မျိုးစေ့များ ကြဲလိုက်တော့၏။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now