Part 171

640 68 1
                                    

171 01

အခန်း ၁၇၁ ကလေးအဆီတွေမရှိတော့တာက အတော်လေးပြင်းထန်တယ်

ကုမင်ရွှမ်းနှင့်ကျန်သည့်သူများသည် အကြံဉာဏ်အတိုင်း ဆောင်ရွက်ကြတော့၏။ ကုမင်ရွှမ်းက မော့ဝမ်းယန်ကို ဖုန်းချက်ချင်းခေါ်လိုက်သည်။ ရွေးကောက်ပွဲက ရက်အမည်းငယ်အတွင်း စမည်ဖြစ်သောကြောင့် ယင်းကသူ့အတွက် မဲအတော်များများ ရနိုင်ချေရှိသည်။ သတင်းကို တတ်နိုင်သမျှမြန်မြန် ဖြန့်ဖြူးရန်လိုအပ်၏။ ယွင်ချဲ့က ဘာမှလုပ်ရန် မလိုအပ်ဘဲ သူနှင့်ဟေးယွီက လမ်းလျှောက်ထွက်နေတော့သည်။

"သခင် သခင်ပျင်းလွန်းလို့ ခေါင်းတောင်ရှင်းရဲ့တင်ပါးကို ရိုက်ချင်နေပြီမလား"

သူတို့သည် ချောင်ယန်းအစုအတွင်းရှိလမ်းပေါ် လျှောက်နေတာဖြစ်၏။ လမ်းတောက်လျှောက် အပင်များမရှိလေရာ ကြည့်စရာများများစားစား မရှိပေ။ ရံဖန်ရံခါ၌ သူတို့သည် တစ်စုံတစ်ယောက်နှင့်ကြုံတွေ့မိပြီး သူတို့က ယွင်ချဲ့ကို နှုတ်ဆက်စကားဆိုကာ အပြန်အလှန်အနေဖြင့် ပြုံးပြလိမ့်မည်။ တစ်ယောက်ယောက်က ငရဲကို ပိတ်ထားလျှင် နေသိပ်မပူတော့ပဲ အတော်လေး သက်သောင့်သက်သာရှိနိုင်၏။

"မင်းကခွေးတစ်ကောင်ပဲ အဲ့ဒီအကြောင်းကို မင်းဘာကြောင့် သိချင်ရတာလဲ"

ယွင်ချဲ့သည် တတ်နိုင်လျှင် ဟေးယွီဟတင်ပါးကိုတောင် ရိုက်နှက်မှာပဲဖြစ်သည်။ သူသည် ချစ်ကြည်နူးဖွယ်အားလုံးကို အရာအားလုံး သိနေသည့်ပမာ နောက်ပိုင်း၌ပိုပိုပြီး သီးမခံန်ုစရာဖြစ်လာ၏။ သူက လူပျိုသာရှိသေးသည်။

"အကြောင်းအရာပြောင်းဖို့ မကြိုးစားနဲ့ ကွန်ပျူတာပြောတာတော့ မင်းရဲ့လူက အလုပ်များနေပြီး မင်းအတွက် အချိန်မရှိဘူးဆိုရင် မင်းစိတ်ပျက်သလို ခံစားရမယ်လို့ ပြောတာပဲ သူက ဖောက်ပြန်နေတာ ဒါမှမဟုတ် သူက သခင်ကို ခဖစ်ကြိုက်နေသေးတာဆိုရင်တော့ အံ့ဩစရာကောင်းတာပဲ ပြီးတော့ သခင်သူ့တင်ပါးကို ရိုက်ချင်နေတာပဲလေ ရှက်သလို မခံစားပါနဲ့သခင်ရယ် ကျုပ်တို့တွေက ဘော်ဒါတွေပဲ သူ့ဖင်ကို ကိုင်ချင်တယ်ဆိုရင် ပြောသာပြောလိုက် သူ့ရဲ့မျက်နှာကို ထိုးပေးမယ် သူသခင်ကို သူတစ်ယောက်တည်း ဘယ်တော့မှထပ်မထားအောင် လုပ်ပေးမယ်"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Donde viven las historias. Descúbrelo ahora