part 22

3.6K 553 2
                                    

Unicode

အခန်း (၂၂)

"ငါ ပါမောက္ခ ဝမ် ပြောတာကို သဘောတူတယ် ဒါငါတို့ထဲက အများစု အန္တရာယ် ကင်းဖို့ပဲ"

"ငါလည်း သဘောတူတယ် ငါတို့အားလုံး တစ်ယောက်နဲ့ တစ်ယောက် စစ်ဆေးကြည့်လိုက်ရင် လူတိုင်းပိုပြီး စိတ်အေးရလိမ့်မယ်"

"ဒီလိုမလုပ်ရင် ဘယ်သူမဆို တကယ့် မကောင်းဆိုးဝါး ဖြစ်လာပြီးတော့ ငါတို့အားလုံး သေရလိမ့်မယ် ငါသဘောတူတယ်”

"ငါလည်း သဘောတူတယ်"

လူများသည် ထိုပြဿနာ​ကြောင့် အားကစားရုံထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်နေလေသည်။ လူတစ်ယောက်က မတ်တပ်ရပ်ပြီး ထိုသို့ တုံ့ပြန်လိုက်သည့်အခါ အခြားသူများလည်း မတ်တပ် ရပ်လာကြသည်။ ပါမောက္ခ ဝမ် ဆို​သော သူက လက်တစ်ဖက်ကို မြှောက်ကာ ဆူညံသံတွေကို ထပ်မံ ရပ်တန့် လိုက်ပြန်လေသည်။

"လူအများစု သဘောတူတဲ့ အတွက် မြန်မြန်လေးပဲ လှုပ်ရှားလိုက်ရအောင် .. နှစ်ယောက် တစ်ဖွဲ့ဖွဲ့ပြီး အပြန်အလှန် စစ်ဆေးကြပါ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို သပ်သပ်စီ ခွဲထားပါမယ် .. အားလုံး သိထားကြရမှာက အခုအချိန်မှာ ပေါ့ဆမှုလေး တစ်ခု ဖြစ်လိုက်တာနဲ့ ကျွန်တော်တို့အားလုံး သေသွားနိုင်တယ် ဆိုတာပဲ"

ပါမောက္ခ ဝမ်က ယွင်ချန် ဘက်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး ဦးဆောင်သူကဲ့သို့ ပြောဆိုနေလေသည်။ လန်ယဲ့ဟန် ခန့်မှန်းထား သကဲ့သို့ လူများကို သူ့ဘက် ပါအောင်လုပ် နေလေပြီ။

ဒဏ်ရာ မရသေးသူများက ပုံမှန်အတိုင်းပင် မည်သည့် ငြင်းပယ်မှုမျှ မရှိ​ပေ။ မကြာခင်ပင် နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့ ဖွဲ့လိုက်ကြသော်လည်း ဒဏ်ရာ ရထားသူများက အတူပူးပေါင်းရန် ငြင်းဆန်ကြသည်။ သူတို့က ပါမောက္ခ ဝမ်ကို မကျေမချမ်းဖြင့် စိုက်ကြည့်နေကြပြီး အချို့က လှည့်ထွက်ပြေး ကြ​လေသည်။ ဖုတ်ကောင် မဖြစ်သေးပါဘဲနှင့် မည်သူကမျှ ကိုယ့်ဘဝကို အရှုံးမပေးချင်ပေ။

"သူတို့ကိုဖမ်း"

ပါမောက္ခ ဝမ်က အမိန့်ပေး လိုက်​လေရာ အားလုံးလည်း ထိတ်လန့်သွားပြီး ထွက်ပြေး သူများကို ဖမ်းဆီးရန် ကြိုးစားလေတော့သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now