Part 78

1.8K 323 5
                                    

Unicode

အခန်း (၇၈)

ထိုလူလေးယောက်တို့သည် လုံယန်စခန်း၏ ခေါင်းဆောင်များ ဖြစ်ကြသော်လည်း ရှင်းဖုန်းနှင့် သူ၏အဖွဲ့သားတို့နှင့် ယှဉ်လျှင် သူတို့ကပို၍ပင် အားနည်းနေသည်။ လူအချို့မှာ မည်သို့သောကိစ္စရပ်ကိုမဆို ကြုံတွေ့ရသော်ငြား မည်သည့်နေရာ ရောက်ရောက် ဩဇာအင်အား ကြီးမားကြပြီး ရှင်းဖုန်း သည်လည်း အပါအဝင်ဖြစ်သည်။ သူသည် တစ်ခါတစ်ရံတွင် ရူးမိုက်သောကိစ္စများ လုပ်ခဲ့ဖူးသော်လည်း များသောအားဖြင့် ယုံကြည်အားကိုးရသူ တစ်ယောက်ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် ကူးမင်ရွှမ်း သာမက ကပ်ဘေးဆိုက်သည့်တိုင် သူ့အနားတွင် ဆက်လက်၍ တာဝန်ထမ်း နေသူများနှင့် တစ်ပေါင်း တစ်စည်းတည်း ဖြစ်ခဲ့သည်။

"မင်းက ဘာလိုချင်တာလဲ"

ခေါင်းဆောင်ဆိုသူမှာ အခြားသူများကဲ့သို့ ကမူးရှူးထိုး မလုပ်သော်လည်း သူ၏မျက်နှာမှာ တင်းမာနေသည်။

"ဒီစခန်းကို ရောက်လာကြတဲ့ သူတွေကို စာရင်း ယူထားကြမယ်လို့ ထင်တယ် အဲဒီထဲက လူနှစ်ယောက်ကို ရှာနေတာ ... တကယ်လို့ ရှာပေးနိုင်ခဲ့ရင် ဆုကြေးအနေနဲ့ ဆန် ၂၅၀ကီလိုပေးမယ်"

ရှင်းဖုန်း စကားရှည်ဝေးစွာ မပြောလိုသဖြင့် အဓိက အချက်ကိုသာ ပြောလိုက်သည်။ အစာရေစာ ပြတ်လပ်နေသော ကပ်ဘေးကာလတွင် ဆန် ၂၅၀ ကီလိုမှာ အလွန်ကြီးမားသော ဆုကြေးတစ်ခုပင်။ အစိုးရနှင့် စစ်တပ်လက်အောက်မှ စခန်းများအတွက် ထိုပမာဏမှာ မပြောပလောက်သော်လည်း မြို့နှင့်ဝေးသော နယ်စပ်ဒေသမြို့ အတွက် လိုအပ်သည်ထက် ပိုလွန်သော အတိုင်းအဆ တစ်ခုပင်။

"ဆန် ၂၅၀ကီလို ?"

"ဆရာ ..."

ခေါင်းဆောင် ဆိုသူမှာ အလွန်ပင် စိတ်ဝင်စား သွားသည်။ ထိုသူစိမ်းတို့ကို စာရင်းစာအုပ် ပြရုံမျှဖြင့် တန်ကြေး အနေနှင့် ဆန် ၂၅၀ ကီလို ရမည်ဖြစ်သောကြောင့် အလွန်ပြည့်စုံသော အပေးအယူ တစ်ခုပင်။ ချူးဟောင်လင်းမှာ ဆန့်ကျင်စွာပင် ဒေါသထွက် နေရသည်။ တံခါးဝတွင်လည်း အမျိုးမျိုး စော်ကားခံရသည့်တိုင် ဆန် ၂၅၀ ကီလိုကိုလည်း ပေးရဖြစ်သဖြင့် မိမိတို့အတွက် ဆုံးရှုံးမှုကြီးပင်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now