Unicode
အခန်း (၂၆)
"ဘာမှမဖြစ်ပါဘူး ငါအရမ်း ပင်ပန်းနေလို့ပါ"
ယွင်ချဲ့ သူမ ကူညီပေးသည်ကို ငြင်းကာ နံရံတွင်မီကာ ထိုင်နေလျက် မျက်စိကိုမှိတ်ပြီး စိတ်တည်ငြိမ် လာစေရန် ကြိုးစားနေလေသည်။ လက်တွေ့ကျကျ ပြောရလျှင် ယွင်ချန်မှာ လူသားတစ်ယောက် မဟုတ်တော့သည့်အပြင် တစ်နေ့ထက် တစ်နေ့ ပိုမိပြောင်းလဲ လာခဲ့သည်။ ယွင်ချန်ကို ဝှက်ထားရန် ခက်ခဲလိမ့်မည် မဟုတ်ဟု တွေးထင်ခဲ့သော်လည်း ထိုအကြောင်းကြောင့် စိတ်သောက ရောက်နေရလေသည်။ မည်သို့ပင် ဖြစ်ပါစေ ယွင်ချန်ကို အပြိုင်လောကသို့ ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် သူတို့၏ အကြီးမားဆုံးသော ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ခဲ့ပေသည်။ ထို့နောက် ...
ရုတ်တရက် ယွင်ချဲ့ မျက်နှာထက် ရက်စက်သော အပြုံးတစ်ခု ပေါ်လာကာ သူ၏ မျက်လုံးကို ဖွင့်လိုက်လေသည်။ သူလက်စားချေ ရတော့မည့် အချိန်ပင်။
"ခွေးကောင်တွေ.. အားလုံး မင်းတို့ကြောင့် ဖြစ်ရတာ .. ငါမင်းတို့ကို သတ်မယ်"
လုဟိုင်ရွှမ်း ဓါးတစ်ချောင်းကို ယူကာ ယွင်ချန်ကို နာကျင်စေခဲ့သူများ ထံသို့ တည့်တည့်မတ်မတ် တစ်ဟုန်ထိုး ပြေးသွားလေသည်။ ညစ်ညမ်းသော သွေးများဖြင့် ဖုံးလွှမ်းနေသော ဓါးကို ဉီးတည်ချက်မဲ့စွာ ဝှေ့ယမ်းနေပြီး မျက်လုံးတွင်လည်း မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ ယောကျ်ားသားများ အတွက် သူငယ်ချင်း မိတ်ဆွေဖွဲ့ရန် အချိန်များစွာ မလို။ သူတို့ အတူ ကုန်ဆုံးခဲ့ကြသော တစ်ရက်တာအတွင်း ယွင်ချန်နှင့် လန်ယဲ့ဟန်တို့မှာ သူ၏ အချစ်ဆုံး သူငယ်ချင်းများ ဖြစ်လာခဲ့သည်။ ယွင်ချန်၏ နူးညံ့သော အပြုံးနှင့် ယခု ပြောင်းလဲနေပုံ အခြေအနေများကို တွေးမိလိုက်သည့်အခါ အလွန် ဒေါသဖြစ်လာပြီး အားကစားရုံထဲရှိ သူများကိုပင် သတ်ပစ်ချင်စိတ်များ ဖြစ်လာလေသည်။
"မင်းဘာလုပ်နေတာလဲ မင်းရူးနေပြီလား"
လုဟိုင်ရွှမ်း လက်ထဲတွင် ဓါးကို ကိုင်ဆွဲထားပြီး အခြားသူများ နှင့်အတူ အသေခံမည့်ပုံပင်။ သူ့ကြောင့် အခြားသူများမှာလည်း ကြောက်လန့် ကုန်လေသည်။
YOU ARE READING
ကမ္ဘာပျက်ကပ်ကစစ်သည်တော်
Romanceဘာသာပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)