Part 115

1.4K 238 1
                                    

Unicode

အခန်း (၁၁၅)

ကပ်ဘေးကာလ အတွင်း ဥပဒေနှင့် ကိုယ်ကျင့်တရားတို့တွင် ကန့်သတ်ချက် မရှိဘဲ လူသားချင်း စာနာမှုက အချိန်နှင့်အမျှ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်။ မီးရှို့ခြင်း၊ လူသတ်ခြင်း၊ အစားအသောက်အတွက် ကလေးငယ်များကို လဲလှယ်ခြင်းနှင့် အခြားလူမဆန်သော လုပ်ရပ်များမှာ အသေးငယ်ဆုံးသော မက်လုံး တစ်ခုကြောင့်ပင် ဖြစ်ပေါ်လာနိုင်သည်။ ယွင်ချဲ့ မှလွဲ၍ အခြားသူများမှာ ကပ်ဘေးကာလတွင် နှစ်လကြာ ရှင်သန်နေပြီး အကြင်နာမဲ့ခြင်းနှင့် မုန်းတီးခြင်းများကို လုံလုံလောက်လောက်ပင် တွေ့မြင်ခဲ့ဖူးပြီ ဖြစ်သောကြောင့် ကပ်ဘေး မကြုံမီက မည်မျှပင် စိတ်သဘောကောင်း ကြင်နာတတ်သူ ဖြစ်ခဲ့ပါစေ ယခုအချိန်တွင် ရက်စက်သူ တစ်ယောက် ဖြစ်လာခဲ့သည်က မထူးဆန်းတော့ပေ။

ပြောရလျှင် လု မိသားစုတို့မှာ အခုကာလတွင် သာမန် အနေအထားများသာ ဖြစ်သော်လည်း လုဟိုင်ရွှမ်း၏ သူငယ်ချင်းများက သူတို့မိသားစုဝင် တစ်ယောက် ထိခိုက်ခဲ့ရခြင်းကြောင့် ဒေါသထွက်နေရခြင်းဖြစ်သည်။ ထိုလူတစ်စုမှာ တိရစ္ဆာန်ဟု မခေါ်သင့်ပေ၊ တိရစ္ဆာန်ထက်ပင် လွန်စွာ ဆိုးဝါးလှသည်။

"စိတ်မပူပါနဲ့ ငါတို့ကြိုက်တဲ့ အချိန် သူတို့ကို သတ်လို့ရတယ်"

ကျိုးဇယ်ယွီ ရှေ့တက်လာပြီး လုဟိုင်ရွှမ်း ပခုံးပေါ် လက်တင်ပြောလျက် လုမိသားစုကို ခံစားချက်မရှိသော အကြည့်များဖြင့် ကြည့်နေကြလေသည်။

လုဟိုင်ရွှမ်းမှာ သူ၏စိတ်ကို ငြိမ်သက်စေရန် ကြိုးစား နေရသဖြင့် ကျိုးဇယ်ယွီကို ပြန်မပြောသကဲ့သို့ မျက်လုံးများကိုလည်း မဖွင့်ပေ။ ယွင်ချဲ့ ပြောတာ မှန်သည်။ ဇာတ်လမ်းက မပြီးသေးပေ။ သူ၏ညီမလေး၊ အမေနှင့် အဘိုးတို့ကို မည်သို့လုပ်ခဲ့ကြောင်း သူသိရန်လိုသေးသည်။

"ဆက်မေးလိုက်"

"အိုကေ"

လုဟိုင်ရွှမ်းက ဘာမှမတုံ့ပြန်သဖြင့် ယွင်ချဲ့လည်း ဘေးတွင် ရပ်နေသော ရှင်းဖုန်းကို ဆက်မေးရန် ပြောလိုက်သဖြင့် ရှင်းဖုန်း ခေါင်းညိတ်ပြကာ ဆက်မေးလေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now