Part 187

458 58 1
                                    

187 01

အခန်း(၁၈၇)

မြေငလျှင်နှင့် နှင်းမလာခင် အပေးအယူတစ်ခု ပြုလုပ်ခြင်း

"ခင်ဗျားတို့ ကျုပ်တို့ကိုပေးမဲ့ ရိက္ခာတွေက ကျုပ်တို့ဆုံးရှုံးသွားတဲ့ ရိက္ခာနှစ်သုတ်နဲ့ တူတူပဲလို့ အာမခံနိုင်လား ခေါင်းဆောင်ယွင်"

ဂေးစုံတွဲ၏ အများပြည်သူရှေ့ ချစ်ခင်မှု ပြသခြင်းကို လုံလောက်အောင် တွေ့မြင်ပြီးနောက် ဝေ့ခမ်းသည် မျက်နှာထားတင်းတင်းဖြင့် သူတို့ကို အာရုံမစိုက်ရန် ကြိုးစားလိုက်၏။ သူပြောတာကို ကြားပြီးနောက် ကျန်သည့်သူများကလည်း သူတို့၏ စိတ်ခံစားချက်များကို အမြန်ထိန်းချုပ်ကာ ယွင်ချဲ့ကြောင့် ဆုံးရှုံးသွားသော အာရုံစိုက်မှုကို ပြန်လည်တည်ဆောက်လိုက်၏။

"မရဘူး မတက်နိုင်ဘူးလေ။ အဲ့ဒီရိက္ခာတွေက ဘာမှန်းတောင် မသိတဲ့အချိန်မှာ တူညီတဲ့ ပစ္စည်းတွေကို ကျုပ်ဘယ်လိုလုပ် ပေးနိုင်မှာလဲ။ အဲ့ဒီနှစ်သုတ်နဲ့ ပမာဏချင်း တူညီတဲ့ ရိက္ခာတွေကို ပေးမယ်လို့ ပြောနေတာ။ တစ်ထပ်ထဲတူတဲ့ ရိက္ခာတွေလို့ မပြောဘူး။ မဟုတ်ရင် ခင်ဗျားတို့တွေက ကျုပ်ကို ထပ်ဟောင်ကြပြီးတော့ ခင်ဗျားတို့ယူဖို့ စီစဉ်ထားတဲ့ ရိက္ခာတွေကို လုယူသွားတယ်လို့ စွပ်စွဲအုံးမှာ မဟုတ်ဘူးလား"

ယွင်ချဲ့သည် သူ့အတွက် သူတို့ဆင်ထားသည့် ထောင်ချောက်ကြောင့် အံ့သြစွံ့အသွားလေ၏။ ရိက္ခာတစ်သုတ်သည် တုံးဝမ်ဆိပ်ခံတံတား၌ ကွန်တိန်နာ ရာချီထဲ၌ ထည့်ထားတာဖြစ်ပြီး နောက်တစ်ခုက လုံဖင်ဆားတွင်းကနေ စား၍ရသည့် တန်တစ်ရာပဲဖြစ်သည်။ ကွန်တိန်နာထဲတွင်ရှိသည့် ပစ္စည်းများက ဘာမှန်း သူတို့မသိလောက်ချေ။ အလွန်ဆုံးမှ ၎င်းတို့သည် ရိက္ခာများဖြင့် ပြည့်နေကြောင်းသာ သူတို့သိနေမည်ဖြစ်သည်။ စား၍ရသည့် ဆားအတွက်မူ ၎င်းက ဖြန့်ကျက်ပြီး ရောင်းချလိုက်ပြီဖြစ်ရာ သူတို့ကို အကောင်းပကတိအတိုင်း ပြန်ရနိုင်လျှင်တောင် သူတို့က မမှီမှာမဟုတ်ပေ။ သူတို့က အဆုံးတွင်မူ သူ့ဆီကနေ မည်သည့်အရာကို ယူနိုင်မလဲဆိုတာ မြင်ရန်ကြိုးစားနေမှာဖြစ်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now