Part 150

1.1K 133 0
                                    

150 01

အခန်း ၁၅၀ တည်ဆောက်ခြင်း

"ဟေးယွီက အပြင် ပြန်ထွက်လာတဲ့အချိန် မင်းကို ပိုပြ ပုန်ကန်မှာကို မစိုးရိမ်ဘူးလား" အစကနေ အဆုံးအထိ ရှင်းဖုန်းသည် သူ့ကို ရွှတ်နောက်‌နောက် အမူအရာဖြင့် ကြည့်နေလေ၏။ ကုမင်ရွှမ်းနှင့် ကျန်သည့်သူများကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ညီအစ်ကိုချဲ့၏ လှုပ်ရှားမှုများက ထက်မြက်လွန်း၏။

"ဟားဟား သူက လူလိမ်တစ်ယောက်ပဲလေ။ ဒါပေမဲ့ သူ့ရဲ့သခင်အတွက် ရင်နာပေးနေသေးတာ။ ကျွန်တော်က တကယ် ဒဏ်ရာရသွားတာ မဟုတ်လို့လား"

ယွင်ချဲ့သည် သူဒဏ်ရာရထားသည့်အချက်ကို အားကိုးပြီး ဘာမှကြောက်စရာမရှိဟု ဆိုနိုင်သည်။ သို့သော်ငြား အပေါ်ယံတွင် တည်ငြိမ်နေသည့်အတိုင်း သူအမှန်တကယ် တည်ငြိမ် မငြိမ်တော့ မည်သူမှမသိပေ။

"မောင်လေး ဒဏ်ရာရထားတာလား"

ဖြစ်ချင်တော့ ဘေးကနေ သန့်ရှင်းရေးလုပ်ပြီးနောက် ဖြတ်သွားစဉ် ယွင်ယောင်က ကြားသွားလေ၏။ ပြောရန်မလို ချက်ချင်းဆိုသလို ယွင်ယောင်က သူ့ဆီပြေးလာလေ၏။ ယွင်ချဲ့က သူမကို ချက်ချင်း နှစ်သိမ့်ရတော့သည်။ "ဘာမှမဟုတ်ပါဘူး ဖုတ်ကောင်တွေကြောင့် ကျွန်တော့်လက်ကို မီးနည်းနည်း ဟပ်သွားရုံပဲ ကြည့်လေ ပျောက်ခါနီးပြီ"

ယွင်ချဲ့က ပြောပြီးနောက် သူ၏လက်မောင်းလေးကို ပြလိုက်၏။ ယင်းက ချောမွေ့ပြီး ဖြူဖွေးနေကာ ဒဏ်ရာရထားသည့် အရိပ်အယောင်မရှိပေ။

"ဘာမှမဖြစ်ဘူးဆိုရင်တောင် အနည်းဆုံးတော့ အစ်မကို သိခွင့်ပေးသင့်တယ်လေ။ နောင်ကျ တာဝန်ထမ်းဆောင်ရင် ဂရုစိုက်ဦး ချန်းချန်း၊ ငါရယ်၊ မူလေးရယ်က မောင်လေးကို အားကိုးဖို့ လိုအပ်တယ်။ မင်းတစ်စုံတစ်ခုဖြစ်သွားခဲ့ရင် ငါတို့ဘာတွေဖြစ်သွားမလဲ"

သူမက သူ့လက်ကိုကိုင်ပြီး ထပ်ခါတလဲလဲ စစ်ဆေးလိုက်တော့၏။ ဘာမှမမှားယွင်းကြောင်း အတည်ပြုပြီးနောက် ယွင်ယောင်သည် နောက်ဆုံး၌ စိတ်အေးသွားတော့သည်။ သို့သော်ငြား တဂျီဂျီ လုပ်နေဦးမည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။ သူမ၌ မောင်နှစ်ယောက်သာရှိပြီး မူလေးက ယခုအတိုင်း ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် ရှောင်ချဲ့ မည်သည့်မတော်တဆမှုမှ မဖြစ်စေရန် သေချာပေါက် ဂရုစိုက်ရမည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now