part 32

3.5K 529 1
                                    

Unicode

အခန်း (၃၂)

ရုတ်တရက် ဖြစ်ပေါ်လာသော ကမ္ဘာပျက် ကပ်ဘေးကြောင့် လူအများ အံ့ဩ အထိတ်တလန့် ဖြစ်ကုန်ကြသည်။ အချို့မှာ အကြောင်းကိစ္စများကိုပင် မသိလိုက်ရဘဲ ဖုတ်ကောင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ထွက်ပြေး လွတ်မြောက်ခဲ့သူများ အဖို့လည်း ဆက်လက် နေထိုင်ရှင်သန်ရန် အလွန်ပင် ခက်ခဲခဲ့သည်။ ထို့အပြင် အစာရေစာ ပြတ်လပ်ခြင်းကြောင့် အသင့်စားခေါက်ဆွဲထုပ်များကိုသာ နေ့စဉ် စားသုံး၍ ဗိုက်ဖြည့်ခဲ့ရပြီး လတ်ဆတ်သော ဟင်းခွက်များနှင့် အသားများမှာ အိပ်မက် မက်ရန်ပင် မဖြစ်နိုင်ခဲ့ပေ။

ရှင်းဖုန်းသည်လည်း စွမ်းအင် ပိုင်ဆိုင် ထားရသဖြင့် ယွင်ချဲ့ စကားပလ္လင် မခံတော့ပေ။ ထို့နောက် ဝက်သားများအပြင် အစားအစာများနှင့် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ယူထုတ်ခိုင်းလေသည်။

ယွင်ယောင်မှာ ဝက်သားအိုး အပြည့် ချက်လိုက်ပြီး အာလူးချောင်းကြော်များ အပြင် ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ်နှင့် တို့ဟူးအစပ်တို့ကြောင့် တစ်ခန်းလုံး မြိန်ရေယှက်ဖွယ်ရှိသော ရနံ့များ ပျံ့နှံ့သွားလေသည်။ ထိုသို့သော စားဖွယ်သောက်ဖွယ်မျိုးသည် ကမ္ဘာပျက် ကာလတွင် အကြီးမားဆုံးသော စားပွဲကြီးပင်။

အခန်းထောင့် တစ်နေရာရှိ လူတစ်စုမှာလည်း သူတို့ကို ကြည့်ကာ တံတွေးများ မျိုချနေမိသည်။ အထူးသဖြင့် ကြောက်ရွံ့ကာ ကိုယ်ကို ကျုံ့ထားသော အမျိုးသမီး နှစ်ယောက်မှာလည်း သူမတို့၏ မျက်ဝန်းများထဲတွင် အသနားခံမှု၊ ရုန်းကန်လိုမှုများ ပြည့်နှက်ပြီး အစားအစာအတွက် အသနားခံတောင်းဆို နေကြလေသည်။

"တောက်”

ထိုလူတစ်စုထံမှာ ရိုင်းပျစွာ ဆဲဆိုသံ ပေါ်လာပြီး ထိုသူက ဒေါသတကြီးနှင့် လက်ထဲမှ အသင့်စားခေါက်ဆွဲတစ်ဝက် ကျန်နေသောဘူးကို လွှင့်ပစ်လိုက်သည်။ ထိုသူက ပျော်ရွှင်စွာ စားသောက် နေကြသော ယွင်ချဲ့တို့ကို စိုက်ကြည့်ကာ ထောင့်တွင်ရှိနေသော အမျိုးသမီး နှစ်ယောက်ထဲမှ တစ်ယောက်၏လက်ကို အကြမ်းပတမ်း ဆုပ်ကိုင်လိုက်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now