part 40

3.5K 534 1
                                    

Unicode

အခန်း (၄၀)

"ဒါမထူးဆန်းပါဘူး ဖုတ်ကောင်တွေ အဆင့်တိုးလာတာ ... အစွမ်းနဲ့လူတွေ တောင်မှ အဆင့်တိုးတာပဲ ဆိုတော့ ဖုတ်ကောင်တွေလည်း အစွမ်းတက် လာနိုင်တယ်လေ ... အမြုတေရဲ့ အရောင်က သူတို့ရဲ့ စွမ်းရည်ကို ဖော်ပြပေးတယ် .. ဥပမာ အနီရောင်ဆိုရင် မီး .. အပြာရောင်ဆိုရင် ရေ ဒီလိုမျိုးပေါ့ .. အရောင်မရှိ ကြည်လင်နေတယ်ဆိုရင် သူ့မှာ စွမ်းရည် မရှိသေးဘူးလို့ သတ်မှတ်နိုင်တယ် .. နောက်ပိုင်းဆိုရင် ဖုတ်ကောင်တွေလည်း အစွမ်းရှိ လာနိုင်တယ်"

မနေ့ညက နှင်းထုကို မြင်ထားခဲ့သောကြောင့် ထိုအခြေအနေကို တွေးထင်ထားသဖြင့် ယွင်ချဲ့ အံ့ဩတုန်လှုပ်ခြင်း မရှိပေ။ လန်ယဲ့ဟန် ရှာတွေ့ခဲ့သော အမြုတေအရွယ်ကို သုံးသပ်ကြည့်လျှင် ဖုတ်ကောင်များသည် အဆင့် ၁ တွင် ရှိနေနိုင်သည်။

အဆင့် ၁ ထက် နိမ့်သော ဖုတ်ကောင်များသည် လှုပ်ရှားမှု နှေးကွေးကြပြီး အမြင်အာရုံမှာလည်း တိမ်စွဲနေသကဲ့သို့ ဝေဝါးနေသည်။ ထိုသို့သော ဖုတ်ကောင်များမှာ အမြန် ပုပ်ပွတတ်ကြပြီး ဆိုးဝါးသော အနံ့သည်လည်း လျင်မြန်စွာ ပြန့်လွယ်သည့်အပြင် သူတို့၏ဉီး ခေါင်းထဲရှိ အမြုတေမှာလည်း အရောင်မဲ့ကာ စွမ်းရည်လည်း မရှိတတ်ကြပေ။

အဆင့် ၁၊ အဆင့် ၂ ရှိသော ဖုတ်ကောင်များမှာ လျင်မြန် ဖျတ်လတ်ကာ ပို၍ သန်မာကြပြီး မျက်လုံးများသည်လည်း အဖြူရောင် ဖြစ်နေတတ်သည်။ သူတို့၏ အမြုတေများကို ကြည့်ခြင်းဖြင့် စွမ်းရည်များကို ခွဲခြားသိရှိနိုင်သည်။ ဖုတ်ကောင်များ အဆင့် ၃ သို့ ရောက်သွားခဲ့လျှင် စွမ်းအားရှိသော လူသားများနှင့် အပြိုင်တိုက်ခိုက် လာနိုင်ပြီး သာမန် လက်နက်များဖြင့် နှိမ်နင်းနိုင်မည် မဟုတ်တော့ပေ။

"ဒါက ဘာအတွက် သုံးရတာလဲ"

လက်ထဲတွင် ရွှေရောင် အမြုတေကို ကိုင်လျက် ရှင်းဖုန်း ထိုင်ကာ မေးလိုက်သည်။ ဖုတ်ကောင်များ၏ ဉီးခေါင်းထဲတွင် အမြုတေများ ရှိကြောင်းကို သူတို့သိရှိထားပြီး ဖြစ်သော်လည်း မည်သည့်အတွက် အသုံးဝင်သည်ကို မသိရပေ။ လန်ယဲ့ဟန်နှင့် ယွင်ချဲ့တို့က အရင်ကတည်းက အမြုတေများ စုဆောင်း နေခဲ့သဖြင့် အကြောင်းရင်းကို သိလိမ့်မည်ဟု သူတို့ထင်မှတ် ထားခဲ့သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now