Part 188

463 61 2
                                    

188 01

အခန်း(၁၈၈)

ယွင်ချန်းက သစ်သီးတွေ စားနိုင်တာလား။

ရုတ်တရက် မြေငလျှင်လှုပ်ပြီး နှင်းများကျလာပြီးနောက် အခြေစိုက်စခန်းသည် ဗရမ်းဗတာ ဖြစ်လာ၏။ သေကြေပျက်စီးမှု မရှိသည့်တိုင် ကြောက်လန့်မှုတို့ ရှိနေသည်။ စစ်တပ်သုံးတပ်နှင့် အစိုးရသည် အရေးပေါ် အစည်းအဝးခေါ်ပြီးနောက် လူများကို နှစ်သိမ့်ပေးရန် စစ်သားများစွာ စေလွှတ်ခဲ့သည်။ ရွှေနှင့်မြေ စွမ်းအားရှင်များက အခြေစိုက်စခန်းရှိ လူများကို ထောက်ကူပေးရန် အမိန့်ပေးခြင်း ခံထားရသည်။ တချိန်ထဲတွင် အခြေစိုက်စခန်းထဲရှိ အထက်ပိုင်း စီမံခန့်ခွဲမှုကလည်း အမျိုးမျိုးသော စွမ်းအားရှင် အဖွဲ့များဆီ ဖိတ်စာပို့ပြီး သူတို့၏ ရွှေနှင့်မြေ စွမ်းအားရှင်များက ပံ့ပိုးရေး အဖွဲ့ထဲ၌ ဝင်ပါနိုင်ရန် မျှော်လင့်နေမိသည်။ လူတိုင်းက ကူညီပေးဖို့ ဝမ်းသာနေကြ၏။ ထိပ်ဦးကသာ လုဟိုက်ရွှမ်နဲ့ ကျန်းရဖေးတို့ကို စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။

အပြင်ဘက်ရှိနှင်းက ပိုသိပ်သည်းလာပြီးနောက် အနည်းငယ် ပူနေသော ရာသီဥတုသည် လျှင်လျှင်မြန်မြန် အေးသွားလေ၏။ ယွင်ချဲ့သည် ဟေးယွီနှင့် ချန်ချန်ကို ခေါ်ရန်အတွက် စွမ်းအားနယ်မြေထဲသို့ ဝင်သွားချိန် ရှင်းဖုန်းက မော့ဝမ်ရန်ကို အမြန်ဆက်သွယ်ပြီး နေထိုင်ရေး အခြေအနေ အဆိုးဆုံးဖြစ်သည့် ဆေင်းရာသီဆီ ရိက္ခာများအားလုံး ပို့ဆောင်ခိုင်းလိုက်၏။ တဲထဲတွင် နေထိုင်သည့် အသက်ရှင်ကျန်ရစ်သူများနှင့် အများစုသည် နှင်းကြောင့် အပူချိန် ရုတ်တရက် ကျသွားလျှင် ခဲပြီးသေသွားလိမ့်မည်။

"မင်းတို့တွေ အချိန်ကောင်း ရှိနေတာလား။ ဟမ် ဘာတွေစားနေကြတာလဲ"

ယွင်ချဲ့က အတော်ကြာ အသက်အောင့်ထားပြီးနောက် နယ်မြေစွမ်းအားထဲသို့ ဝင်လိုက်ချိန် သူတို့၏ နေရာအတိအကျကို အာရုံခံလိုက်၏။ သူတို့ရှိနေသည့် နေရာကို နေရာရွေ့ပြောင်းလိုက်စဉ် ချန်ချန်က ဟေးယွီကို မှီထားလျှက် မြေကြီးပေါ်၌ ထိုင်နေတာကို တွေ့လိုက်ရပြီး ယုန်များ၊ မြေခွေးများ၊ ကြောင်ဂတိုးများ၊ သိုးများ စသည့် တိရိစ္ဆာန်လေးများ သူတို့နားတွင် ရှိနေ၏။ ပင်ပေါင်ဘောလုံး အရွယ်အစားခန့်ရှိ သစ်သီးများကလည်း သူ့ပေါင်ပေါ်တွင် ရှိနေ၏။ သူက ပါးစပ်ထဲသို့ မကြာခဏ ပစ်ထည့်နေတော့သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now