Part 131

1.1K 162 1
                                    

Unicode

အခန်း (၁၃၁)

ဟေးယွီကြောင့် ပျက်စီးမှုများ ဖြစ်သွားရသဖြင့် တစ်နာရီ နောက်ကျမှ ထွက်ခွာခဲ့ရသည်။ ခရီးစဉ်တွင် စစ်သားအယောက် ၃ဝဝ နှင့် စွမ်းအားရှင်အယောက် ၁ဝဝ ပါဝင်ပြီး လက်နက် သယ်ဆောင်သည့်ကား အစီး ၂ဝ စေလွှတ်လိုက်၍ ကားတစ်စီးတွင် လူအယောက် ၂ဝ ဆံ့သည်။ လက်နက် တင်ကားကို အရှေ့ဆုံးတွင် ထားပြီး ၉ နာရီခွဲ၌ စတင်ထွက်ခွာခဲ့သည်။ ဝေ့စစ်တပ်နှင့် မော့စစ်တပ်မှ စစ်သားများသည် ရှေ့တန်း လက်နက်တင် ကားဆယ်စီးကို ထိန်းထားပြီး အလယ်တန်းမှ ကားငါးစီးတွင် စွမ်းအားရှင်များ အားလုံး နေရာယူထားကာ နောက်ဆုံး ငါးစီးတွင် ဝမ်စစ်တပ် အဖွဲ့လိုက်ပါခဲ့သည်။ စစ်တပ်မှာ ပေါ့ပျက်ပျက် မရှိဘဲ ယခု စစ်ဆင်ရေးတွင် အဓိကနေရာမှ တာဝန်ယူထားကြပုံ ပေါ်သည်။

"ကားကလည်း ခုန်လိုက်တာ ... သခင် ဘာလို့ ကျွန်တော်တို့ရဲ့ကား အသေးနဲ့ မသွားတာလဲ ခုတော့ ကျွန်တော့်အူတွေ ကြေမွတော့မှာပဲ"

ကြီးမားသည့် အင်အားနှင့် ချီတက်ခြင်းကို ယွင်ချဲ့ သူ၏အဖွဲ့နှင့် စစ်ဆင်ရေးလုပ်သည့် အချိန်များကဲ့သို့ ဖြစ်၍မရပေ။ ထို့အပြင် လမ်း၏ အခြေအနေ သာမက လမ်းတစ်လျှောက်ရှိ ဖုတ်ကောင်များကြောင့်လည်း သူတို့ တဖြည်းဖြည်း မောင်းနေရပြီး တစ်ခါတစ်ရံ ကားရပ်ကာ လမ်းရှိ ဖုတ်ကောင်များကိုလည်း နှိမ်နှင်းရပြီး တစ်ခါတစ်ရံ အချို့သော ကိစ္စများက သူတို့၏ ခရီးလမ်းကို နှောင့်နှေးစေသည်။ ထို့ကြောင့်ပင် နေ့လယ်သို့ ရောက်တော့မည် ဖြစ်သော်လည်း ယခုအချိန်ထိ လင်းကျန်းမြို့မှ မထွက်ခွာရသေးပေ။ ယွင်ချဲ့၏ ပခုံးပေါ်၌ ထိုင်လျက် လိုက်လာသော ဟေးယွီက အခြားနည်းလမ်းနှင့် သွားရန် တစ်ကြိမ်ထက်မက ပြောဆိုနေလေသည်။

စွမ်းအားရှင် အဖွဲ့များ၏ ခေါင်းဆောင် အသီးသီးမှာ ဟေးယွီ၏ လုပ်ရပ်ကို အခုထိ မှတ်မိနေသေးသော်လည်း ထိုစစ်သားများ ဖြစ်သွားသကဲ့သို့ မဖြစ်ချင်သောကြောင့် ဘာမှ မပြောရဲကြပေ။ ယွင်ချဲ့နှင့်ရင်းနှီးသည့် လေတာ့ရှန်ပင် သူ၏ပါးစပ်ကို ပိတ်ထားရသည်။ ဟေးယွီ ပါးစပ်အား ဟလိုက်သည့် အချိန်တိုင်း သူတို့အားလုံး စိတ်လှုပ်ရှားလာကာ ကျောပြင်ပင် မတ်သွားကြသည်။ ဟေးယွီမှာ ပြဿနာရှာခြင်း မဟုတ်ဘဲ ညည်းတွားနေခြင်း ဖြစ်ကြောင်း သေချာတော့မှသာ စိတ်အေး သွားကြသည်။ ခေါင်းဆောင်များမှာ ထိုကဲ့သို့ စိတ်ပင်ပန်းရသည့် အခြေအနေကို တစ်ခါမှ မကြုံခဲ့ဖူးသည့်အပြင် ဖုတ်ကောင်များကို နှိမ်နင်းခြင်းပင် ထိုလောက် မပင်ပန်းရပေ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now