Part 130

1.1K 176 0
                                    

Unicode
အခန်း (၁၃ဝ)

"သန္ဓေပြောင်းသားရဲ ? တိရစ္ဆာန်တွေက သန္ဓေပြောင်းနိုင်တာလား"

စကားလုံးအသစ်က စွမ်းအားရှင်များ၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သန္ဓေပြောင်း အပင်များအကြောင်း သိထားကြသကဲ့သို့ စစ်တပ်ကလည်း သန္ဓေပြောင်း အပင်များ တည်ရှိကြောင်းနှင့် ချေမှုန်းနိုင်မည့် နည်းကိုလည်း ကြေညာထားသည်။ သန္ဓေပြောင်း တိရစ္ဆာန်များ တည်ရှိသည့် သက်သေ အထောက်အထား မရှိသောကြောင့် မည်သို့သော သတ္တဝါများသည်ကို သူတို့မသိကြပေ။

"အပင်တွေတောင် သန္ဓေပြောင်းနိုင်မှတော့ တိရစ္ဆာန်တွေလည်း ဒီလိုပဲပေါ့"

ယွင်ချဲ့မှာ သာမန် ပုံစံနှင့်သာ ပြောဆိုခဲ့သည်။ ဟေးယွီ၏ အကြောင်းမှာ အလွန် ထူးခြားဆန်းပြား နေသဖြင့် သူ့ကို စကားမပြောစေရန် ထိန်းခြင်းက မဖြစ်နိုင်ကြောင်း ယွင်ချဲ့ သိသဖြင့် ဟေးယွီ အကြောင်းကို မမေးစေရန် လူအုပ်ကို လှည့်စား လိုက်မည်ဟု ယွင်ချဲ့ တွေးလိုက်သည်။

"အာ ..."

လူအုပ်မှာ သူတို့အတွက် သတင်းကောင်း မရှိသဖြင့် ပြောစရာစကားပင် မရှိတော့ပေ။ သူတို့တွင် ဖုတ်ကောင်၊ တိရစ္ဆာန် ဖုတ်ကောင်နှင့် သန္ဓေပြောင်း အပင်များ အပြင် အခြား ရန်သူတစ်ကောင် ရနေပြန်လေသည်။ သန္ဓေပြောင်း သားရဲ ထွက်ပေါ် လာခြင်းက သူတို့၏ စားနပ်ရိက္ခာ အတွက် အခက် ကြုံရပေတော့မည်။ လူသားများမှာ အသက်ရှင်နေနိုင်ရန် အတွက် ထိုပြိုင်ဘက်များနှင့် တိုက်ခိုက် ကြရပေတော့မည်။

"သခင် ကျွန်တော်ပြန်လာပြီ .. ပျော်စရာကြီး ထပ်လုပ်ရအောင်"

"အဲဒီခွေးကို ဖမ်းကြ"

စွမ်းအားရှင်များကို မေးခွင့် မပေးတော့ဘဲ ယွင်ချဲ့ ပခုံးပေါ်သို့ ဟေးယွီ ခုန်တက်သွားသော်လည်း စစ်သားများက ဝိုင်းဖမ်း ကြလေသည်။ လှမ်းကြည့် လိုက်လျှင် စီတန်းနေကြသော စစ်သားများမှာ ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး သူတို့ထံသို့ ဉီးတည် လာကြသည်။ ဟေးယွီ တစ်ခုခု လုပ်ခဲ့သည်မှာ ပြောစရာပင် မလိုပေ။ ပြဿနာ ရှာလွန်းသူကြောင့် ယွင်ချဲ့ လည်း အလွန်ပင် စိတ်တိုခဲ့ရပြန်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now