Part 193

466 55 1
                                    

193 01

အခန်း(၁၉၃)

လင်းတ့ရှန်က အကူအညီတောင်းခြင်း

မြို့တော် အခြေစိုက် စခန်းထဲတွင်ဖြစ်သည်။

မြို့တော် အခြေစိုက်စခန်းသည် အနောက်တောင် အခြေစိုက်စခန်းထက် ပိုကြီးမား၏။ ကမ္ဘာပျက်ကပ် မစတင်ခင် စစ်တပ်သည် အနီအနား၌ စခန်းချနေသော စစ်တပ်များကို လက်လွှဲယူလိုက်ပြီဖြစ်သည်။ မြို့တော် အခြေစိုက်စခန်း၌ စစ်များ ကျူးကျော်ဝင်ရောက်မှု မဖြစ်ခင် ကာလထဲက တည်ရှိနေခဲ့သော စစ်တပ်များစွာ ရှိ၏။ သို့သော် နိုင်ငံခေါင်းဆောင်ကလည်း စစ်သားဦးရေ တစ်သိန်းနီးပါးရှိသည့် အေအဆင့် တပ်ဖွဲ့တစ်ဖွဲ့ကို ပိုင်ဆိုင်ထားသည်။ အာဏာဆုံးရှုံးသွားသည့် ကျန်သည့် အခြေစိုက်စခန်းရှိ အစိုးရ အရာရှိများနှင့် မတူဘဲ ထိုခေါင်းဆောင်သည် ကမ္ဘာပျက်ကပ်ထဲ၌ လွှမ်းမိုးနိုင်စွမ်းရှိနေသေးပြီး ယခင်ကလောက် သူ၏လက်ထဲတွင် အကြွင်းမဲ့အာဏာတော့ ရှိမနေတော့ပေ။

ကျိုးကျစ်ကျွင်းသည် အထက်တွင် ဖော်ပြခဲ့သော ပြည်နယ်၏ ခေါင်းဆောင်ပိုင်ဆိုင်သော စစ်တပ်ထဲတွင်ရှိ၏။ သူက အဆင့်မြင့် အရာရှိများ ပြည့်နေသော မြို့တော်တွင် မရှားပါးသည့် တပ်မှူးတစ်ယောက်ဖြစ်သည်။ သို့သော် သူသည် ကမ္ဘာပျက်ကပ်ကာလ ဖြစ်ပွားစဉ်က ပြည်သူလူထု ယုံကြည်မှုကို ရရှိခဲ့ခြင်းကြောင့် စစ်တပ်ထဲတွင် လေးစားခံရပြီး နိုင်ငံခေါင်းဆောင်ကလည်း သူ့ကိုမြင့်မားစွာ တွေ့ထားလေ၏။ ကောလဟာလများအရ နိုင်ငံခေါင်းဆောင်သည် ကျိုးစီကျွင်းကို သူ၏သမီးနှင့် လက်ထပ်ပေးချင်သည်ဟု ဆိုသည်။ ထိုအတိုင်းသာ အမှန်တကယ် ဖြစ်လာလျှင် တပ်ဖွဲ့သည် နောင်ကျ ကျိုးစီကျွင်းအပိုင် ဖြစ်သွားလိမ့်မည်။

ဒေါက် ဒေါက်

"ဗိုလ်မှူး စစ်တပ်ငှာနချုပ်ကနေ အရေးကြီး အချက်အလက် ရောက်လာပါတယ်"

"ထွက်သွား"

ရှေးဟောင်းအိမ်တော် တစ်ခုထဲ၌ စစ်သားတစ်ယောက်သည် တံခါးတစ်ချပ်ကို ခေါက်လိုက်လေ၏။ အခန်းထဲရှိလူက သူပြောတာ မပြီးသေးခင်း သူ့ကိုအော်လာလေ၏။ စစ်သားလေးက ကြောက်လန့်ပြီး သူ့အိတ်ထဲမှ စာအိတ် ပြုတ်ကျလုနီးပါး ဖြစ်သွား၏။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now