Part 81

1.8K 347 5
                                    

Unicode

အခန်း (၈၁)

"မဟုတ်ဘူး  သူတို့တွေ အမှန်တကယ် အဓမ္မကျင့်ဖို့ ကြိုးစားခဲ့ကြတာ ဉီးလေး ကျန့် က ကျွန်မကြောင့် ဒီလိုဖြစ်ခဲ့တာ ... ဒါပေမယ့် ကျွန်မ သူတို့ကို မမြူဆွယ်ခဲ့ပါဘူး ကျွန်မကိုယုံပါ "

လူအများ သူမကို ဝိုင်းကြည့်နေကြချိန် ကျန်းချီက လင်းယင် ရင်ခွင်ထဲမှ ထွက်လာပြီး မျက်ရည်များဝဲလျက် ရှင်းပြလေသည်။ ကျန့်ယာဖေးမှာ သူမအနားတွင် ရှိနေသော ယောကျ်ားများကြောင့် ဘုရင်မတစ်ပါးကဲ့သို့ ဟိတ်ဟန်ပြည့် နေသည်ကို ကျန်းချီ သိလိုက်သည်။ လင်း မိသားစုမှာ ကျန့် မိသားစုနှင့် အလွန်ရင်းနှီးကြပြီး ကျန့်ယာဖေး ကလည်း သူတို့ကို ရှာတွေ့ပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ နုံချာညစ်ပေသော စခန်းမှ ခေါ်ထုတ် သွားနိုင်လိမ့်မည်ဟု သူမတွေးလိုက်သည်။

'ငါမှန်တာကို သက်သေပြနိုင်ခဲ့ရင် ကျန့်ယာဖေးရဲ့ ဘေးက ယောကျ်ားတွေကို ငါဆွဲဆောင်နိုင်လိမ့်မယ် .. ဘာကြောင့် သူတစ်ယောက်တည်း ဘုရင်မဖြစ်ရမှာလဲ .. ငါသူ့ကို ရအောင် အနိုင်ယူရမယ်'

"ကောင်မ  မင်းပြောတော့ မင်းကောင်လေးက သုံးစားမရတဲ့အပြင် မင်းမှာ အစားအစာ လုံလုံလောက်လောက် မရှိလို့ မင်းကို အစားအသောက် ထောက်ပံ့နေသရွေ့ ငါတို့လေးယောက်နဲ့ အိပ်နိုင်တယ်ဆို .. မင်းမပြောခဲ့ရင် ကျိန်ကြည့်လေ"

ကျန်းချီ၏ အလိမ်အညာ စကားတို့ကြောင့် ကျန်နေသော လူနှစ်ယောက်မှာ ဒေါသပေါက်ကွဲသွားပြီး ကျန့်ယာဖေး ခြိမ်းခြောက် ခဲ့သည်ကိုပင် မေ့သွားကြလေသည်။ ထိုလူနှစ်ယောက်လည်း ကျန်းချီကို ဒေါသတကြီးနှင့် စိန်းစိန်း စိုက်ကြည့်ကာ အမြန်ပြေးသွားပြီး သူမကို သတ်ချင်စိတ်ပင် ဖြစ်လာသည်။

"မဟုတ်ဘူး  ငါမပြောခဲ့ဘူး ... ယာဖေး ငါ့ကိုယုံပါ .. ငါ လင်းယင်နဲ့ ၃နှစ်တောင် တွဲခဲ့တာလေ စားစရာလေး အတွက်နဲ့ ငါဒီလိုလုပ်မလား ... ဟင့်အင်း ငါမလုပ်ခဲ့ဘူး ..."

ကျန်းချီ မကျေမနပ် ဖြစ်လာပြီး ကျန့်ယာဖေးထံ အမြန်ပြေးလျက် လက်ကို ဆုပ်ကိုင်ကာ မျက်ရည်ဝဲလျက် ပြောလေသည်။ သူမ ဟန်ဆောင်ရာတွင် အလွန်တော်ပါသည်။ သို့သော် ရှင်းဖုန်း နှင့် အဖွဲ့သားများ ရှေ့တွင် လိမ်လည်နေသဖြင့် သူမအတွက် ကံဆိုးလှသည်။ ရှင်းဖုန်းတို့မှာ ဆယ်ကျော်သက် အရွယ်ကတည်းက စစ်တပ်ထဲသို့ ဝင်ရောက်လာပြီး သူတစ်ပါးယုံအောင် လှည့်စားပြောဆိုနိုင်သည့် လူလိမ်လူကောက်များစွာကို တွေ့မြင်ခဲ့ဖူးသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now