Part 167

704 88 0
                                    

167 01

အခန်း ၁၆၇ ဥက္ကဌပြန်ရွေးရန် အဆိုတင်သွင်းမှု

"အခြေစိုက်စခန်းထဲမှာ ကျုပ်တို့ရှိတာ ပထမဆုံးနေ့မဟုတ်ဘူး ဥက္ကဌ ဧရိယာအက်ဖ်နဲ့အီးက တကယ် လူထူထပ်လွန်းတယ် ဒါပေမဲ့ ဧရိယာစီနဲ့ဒီထဲမှာ စွမ်းအားရှင်အဖွဲ့အစည်းခန်းမကို ယာယီအစားထိုးဖို့ နေရာတစ်နေရာရှာ‌တွေ့မယ်ဆိုတာ ကျုပ်တို့သေချာသိနေတယ် မဟုတ်ရင် ဒီနေရာမှာ ဟင်းလင်းပြင်နေရာကို သုံးလို့လည်းရတာပဲ"

ချန်ဟွားသည် လူအချို့က အနည်းငယ်ရုပ်ကြည်သွားတာကို မြင်ပြီးနောက် အသံမြင့်ပြီး ပြောလိုက်တော့၏။ သူသည် ယွင်ချဲ့နှင့်ပူးပေါင်းကာ အစိုးရမှ ခြံစည်းရိုးခွထိုင်သူများကို ဆွဲချရန် ယွင်ချဲ့နှင့်ပူးပေါင်းဖို့ ဆုံးဖြတ်ပြီးဖြစ်နေသောကြောင့် တွေဝေနေရန် မလိုအပ်တော့ချေ။ သူသည် သူတို့ကို ရန်စခဲ့မိသည်ဆိုလျှင်တောင် အစိုးရက စွမ်းအားရှင်များကို ဘာမှလုပ်ပိုင်ခွင့်မရှိပေ။

"အဟုတ်ပဲ ကျုပ်တို့အဆင်ပြေတာပဲလေ ဒါ့အပြင် အခြေစိုက်စခန်းထဲမှာ မြေနဲ့ရွှေစွမ်းအားရှင်တွေမှ မချို့တဲ့တောင် ပြန်လည်တည်ဆောက်တာက အချိန်သိပ်မကြာဘူးဆိုတာ သေချာတယ် ကျုပ်တို့ခဏ‌တော့ စောင့်နိုင်ပါတယ် စောင့်နေတဲ့အတောအတွင်း ပုံနေတဲ့ကိစ္စ်တွေကို ဖြေရှင်းပေးနိုင်တာပေါ့"

"စစ်တပ်က ကျုပ်တို့ကို မြေတချို့ပေးမယ်ဆိုပြီး စာချုပ်ချုပ်ထားတာ မဟုတ်ဘူးလား စိုက်ပျိုးဖို့ မြေယူဖို့ ဒီအခွင့်အရေးကို ကျုပ်တို့သုံးလို့ရတယ်"

"ဒါက ဉာဏ်ရှိတဲ့အ‌တွေးပဲ ရက်တွေအတော်ကြာနေပြီးပြီ ဒါပေမဲ့ စစ်တပ်က ကတိပေးထားတဲ့မြေက ဘယ်မှာလဲ သူတို့က ကျုပ်တို့ကို လိမ်နေတာလို့ထင်တယ်"

"အဟုတ်ပဲ"

သူ၏သွေးထိုးစကားများကြောင့် စွမ်းအားရှင်များသည် ပိုပြီးဒေါသထွက်လာကြတော့သည်။ ပြောနေသည့်အကြောင်းအရာက ခေါင်းစဉ်လွဲချော်သွားပြီး အခြေအနေက တဖြည်းဖြည်းချင်း ထိန်းချုပ်မှုကင်းမဲ့လာလေ၏။ စွမ်းအားရှင်အဖွဲ့အစည်း ဥက္ကဌက ကြောက်လန့်လာကာ ချွေးများသုတ်နေသည်။ သို့သော်ငြား အရှုပ်အထွေးကို ဖန်တီးသော ထိပ်ဦးအဖွဲ့ဝင်များက တည်ငြိမ်နေပုံပေါ်နေလျက် ဟေးယွီကလည်း ခွေးပေါက်လေးတစ်ကောင်အဖြစ် သူ့ကိုယ်သူ ပြန်ကျုံ့လိုက်ပြီဖြစ်သည်။ ယွင်ချဲ့က ဟေးယွီ၏လက်ကို ဆေးပေးရန် ရေသန့်တစ်ပုလင်းကို ဖြေးဖြေးချင်းထုတ်ပြီးနောက် သူ့ပေါ် တက်ခိုင်းလိုက်၏။ သူကယခုဆို ပခုံးပေါ်ထိုင်နေပြီး သူ၏ရှေ့ခြေဖြင့် စွမ်းအင်ချောင်းကို ကိုင်ထားလျက် ၎င်းကိုပျော်ရွှင်စွာ ဝါးစားနေလေသည်။ သူကအမှန်တကယ် ချစ်စဖွယ်ကောင်းပြီး အစောတုန်းက သွေးထွက်သံယို ရက်စက်ကြမ်းကြုတ်သည့်သွင်ပြင်နှင့် လားလားမျှ မအပ်စပ်ပေ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now