part 20

4.1K 617 2
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၂၀)

"ရှောင်ချဲ့ ..."

ကျိုးဇယ်ယွီနှင့် ယွင်ယောင် သူတို့ဘေးတွင် မတ်တပ် ရပ်လိုက်ကြသည်။ ဟေးယွီ ကျောပေါ်ရှိ ချန်ချန်မှာ ပျော်ရွှင်စွာ လက်ကို မြှောက်လျက် ...

"မေမေ "

လမ်းတစ်လျှောက် အေးဆေးအဖြစ်ဆုံး သူကို ရွေးပါဆိုလျှင် ချန်ချန်ပင် ဖြစ်လိမ့်မည်။ ဟေးယွီက ကြမ်းကြုတ်သော်လည်း ထိုကလေးကို စောင့်ရှောက်ရန် ဘယ်သော အခါမှမမေ့။ ချန်ချန် သူ့အမွေးများကို လက်နဲ့ သေချာ ဆုပ်မကိုင် ထားလျှင်တောင်မှ သူ့၏ရှည်လျား နက်မှောင်သော အမွေးမျှင်များ ချန်ချန်ကို ပြုတ်မကျစေရန် သေချာမြဲမြံစွာ ချုပ်ကိုင်ထားသည်။

"ကြည့်လို့ဝပြီ ဆိုရင်လည်း လာကူဦး"

ကားခေါင်မိုးပေါ်က ယွင်ချဲ့ကိုကြည့်ကာ ရှင်းဖုန်း အော်ပြောသည်။

"ငါကူညီချင်တယ် ပြောမိလို့လား"

ကားအမိုးပေါ် ထိုင်ချပြီး ခြေတစ်ဖက်ကို မြှောက်လျက် ဒူးပေါ်လက်တင် မေးထောက်ကာ ယွင်ချဲ့ လှမ်းပြောလိုက်သည်။ သူ့မျက်ဝန်းတွေက ရွှန်းစိုလျက်။ ကျိုးဇယ်ယွီ သူ့ကိုထူးဆန်းစွာ ကြည့်လျက် -

"မင်းသူ့ကိုသိတယ်ပေါ့"

"သိပ်မရင်းနှီးပါဘူး"

ခေါင်းပင် မမော့ကြည့်ဘဲ ရှင်းဖုန်းကိုသာ စိုက်ကြည့်လျက် ယွင်ချဲ့ ပြောလေသည်။

"သြော်"

ကျိုးဇယ်ယွီ သဘောပေါက် သွားပြီး ပါးစပ်ပိတ်ကာ နောက်ကို ဆုတ်သွားသည်။ အစောပိုင်းက ယွင်ချဲ့ ပြောသည်ကို သူမှတ်မိသည်။

"မင်းလာမကူဘူးဆိုရင် ငါဖုတ်ကောင် ဖြစ်သွားတဲ့အခါ မင်းနောင်တ ရသွားမယ်နော်"

ရှင်းဖုန်းမှာ အရင်တိုင်း ယုံကြည်မှု အပြည့်ပင်။ နှစ်ယောက်သား အခုမှ ပထမဆုံး တွေ့ကြခြင်း ဖြစ်သော်လည်း အကြောင်းရာ အများစုကို သိနေကြပြီသား ဖြစ်သည်၊ ယွင်ချဲ့က သူတစ်ပါးကိစ္စကို ဝင်မစွက်ဖက်တတ်သည့် ပုံစံရှိသည်။ ကလေး တစ်ယောက်ကိုပင် ထိခိုက်ဒဏ်ရာ မရအောင် ကာကွယ်နိုင်ပုံကြောင့် အလွန် အင်အားကြီးကြောင်း သိသာသည်။ သူတို့ကို မသိချင်ယောင် ဆောင်သွားရန် အလွယ်လေးပင်။ ဘာကြောင့်များ သူမရှောင်ဖယ် သွားတာလဲ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now