Part 166

655 84 0
                                    

166 01

အခန်း ၁၆၆ စွမ်းအားရှင်အဖွဲ့အစည်းပြိုကွဲခြင်း

"သူတို့ကို ဖျက်စီးဖို့လား သဘောကျတယ် အားလုံးပဲ အချိန်မဖြုန်းကြရအောင်"

ကျိုးဇယ်ယွီသည် သူ၏လေဓားသွားကို ထပ်ပြီးမထိန်းချုပ်တော့ပင်။ မြင့်တက်လာသော လေဆင်နှာမောင်းနှစ်ခုက သူ၏ရန်သူဆီသို့ ဝဝှီဝှီတက်သွားသည်နှင့် သူနှင့်အနီးဆုံးတွင် ရှိနေသော လုဟိုင်ရွှမ်းသည် သူတို့ရန်သူများဆီသို့ သေးငယ်သော ဓားတစ်ဒါဇင်ခန့်ကို ပစ်ထုတ်လိုက်၏။

"အား"

လေဆင်နှာမောင်းနှစ်ခုသည် ရန်သူကို ထိမိသွားချိန်၌ စိတ်ပျက်အားငယ်တဲ့အော်သံများကို ကြားလိုက်ရပြီး လေထဲ၌ လတ်လတ်ဆတ်ဆတ်အသားများက လွင့်စင်လာလေ၏။ ကြမ်းတမ်းလာသောလေနှင့် ရွှေစွမ်းအားတို့၏ပေါင်းစည်းမှုကြောင့် ထိပ်လန့်ကုန်ပြီး ယင်းကိုမြင်သည့်လူတိုင်းက ကြောက်လန့်မှုကြောင့် ဖြူဖျော့ကုန်သည်။

"ရှင်ပြောတာ လုံလောက်ပြီလို့ ငါထင်တယ် ရှင်တို့ကို ငရဲပို့ပေးမယ်"

ကျန်းယာဖေးနှင့် တိုက်ခိုက်နေသည့်သူကလည်း မြေစွမ်းပားရှင်တစ်ဦးပဲဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အစီအစဉ်တကျ တိုက်ခိုက်နေခဲ့၏။ သို့သော် သူတို့၏တိုက်ပွဲကို အဆုံးသတ်နေသော သူမ၏အသင်းဖော်များကို မြင်ပြီးနောက် ကျန်းယာဖေးက ရှေ့သို့ရုတ်တရက် ခုန်လိုက်လေ၏။ သူမ၏ခြေနှစ်ဖက်ဖြင့် ကြမ်းပြင်ကိုထိမိလိုက်ချိန် သုံးမီတာခန့်ရှိသော မျက်နှာပြင်သည် သဲအဖြစ် ပြောင်းလဲသွားလေ၏။

"အား"

သူမ၏ရန်သူက အော်ဟစ်နေပြီး သဲရှင်ထဲပြုတ်ကျသွားပြီး စက္ကန့်အနည်းငယ်အတွင်း အရှင်လတ်လတ်မြုပ်နှံ ခံလိုက်ရတော့၏။ ကျန်းယာဖေးက စုပ်သပ်ကာ ခေါင်း‌ခါလိုက်တော့သည်။

"ကြိုဆိုပါတယ်"

ပြီးနောက် သူမက တစ်ဖက်သို့လှည့်ပြီး နောက်ထပ်တိုက်ပွဲထဲ လျင်မြန်စွာ ဝင်ပါတော့၏။ ကျန်ရှိသည့်လူအချို့ကလည်း။မကြာမီ၌ သူတို့ရှင်းထုတ်တာခံရပြီး ဟေးယွီသည် လူနှစ်ယောက်ကို ရိုက်ချက်နှစ်ချက်မျှဖြင့် မွမွချေပြီးနောက် မောက်မာထောင်လွှားစွာ ပြုံးနေတော့သည်။ ယခုဆို သူသည် အဆင့်သုံးစွမ်းအားရှင်တစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်ကြောင်း သူ့ကိုမည်သူမှ သံသရထပ်မဝင်ရဲတော့ချေ။ သူက ထိုမျှကြီးမြတ်လာတာမဟုတ်ဘဲ အနိုင်မယူနိုင်တာပဲဖြစ်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now