part 7

3.8K 573 3
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၇)

မြို့၏​မြောက်ဘက်ရှိ ကုန်ပစ္စည်း ဖြန့်ချိ​ရေး စင်တာမှာ ချွမ်းမြို့တွင် အ​ချေစိုက်ထား​သော အကြီးဆုံး ကမ္ပဏီလည်း ဖြစ်သည်။ ကုန်တိုက်ကြီးများ အမျိုးအစားများစွာ စုံလင်လှသဖြင့် ပိုင်ရှင်မှာ တစ်​ယောက်တည်း ဖြစ်ခဲ့လျှင် ထိုပစ္စည်းများကို စီမံခန့်ခွဲရန် လွယ်ကူမည် မဟုတ်​ပေ။

ညသန်း​ခေါင် ၁ နာရီခန့် အချိန်တွင် ယွင်ချဲ့မှာ ဂို​ထောင်အနီး ​ရောက်လာခဲ့ပြီး အနက်ရောင် အားကစား ဝတ်စုံဝတ်ကာ မျက်နှာဖုံး တပ်ထားလျက် လက်စွဲကွန်ပျူတာ ထည့်ထား​သော ​ကျောပိုးအိတ် အနက်​ရောင်ကို လွယ်ထားသည်။ ထိုသို့ အလွန်ကြီးမား​သော ကုန်တိုက်ထဲတွင် ကင်မရာများစွာ ရှိ​နေနိုင်ပြီး ပျက်သုဉ်းကာလ မတိုင်မီတွင် နိုင်ငံက အလိုရှိ​နေ​သော ရာဇဝတ်​ကောင်မဖြစ်လို​ပေ။

ဂို​ထောင်နားရှိ လိုဏ်​ခေါင်းထဲမှ ဖြတ်ပြီး​နောက် ဉီးထုပ်ကို ငိုက်ငိုက်​ ဆောင်းကာ လက်အိတ် စွပ်လိုက်သည်။ ဂို​ထောင် ပတ်လည် တစ်​လျှောက် ယွင်ချဲ့ အလင်းကဲ့သို့ အမြန်​ပြေးကာ ကင်မရာမှ မမြင်နိုင်​သော နေရာသို့ ဝင်သွား​လေသည်။ သူ၏ကွန်ပျူတာကို ယူထုတ်ကာ USB drive ကို ထည့်လိုက်ပြီး ဂို​ထောင်၏ အဓိက ကွန်ပျူတာကို ချိတ်ဆက်​ ဖောက်ထွင်း​လေသည်။ ကွန်ပျူတာ လက်ကွက်​ပေါ်တွင် လျင်မြန်စွာ ရိုက်နှိပ်​နေပြီး သူကြိုတင် ယူလာခဲ့​​သော ဗွီဒီယိုကို ထပ်တလဲလဲ ပြထားလိုက်သည်။

နာရီဝက်​ကျော် ကြာပြီး​နောက် ယွင်ချဲ့ စီစဉ်ပြီးသွားသည့်အခါ ဂို​ထောင်​ထောင့် တစ်နေရာမှ ပြန်ထွက်လာပြီး လုံခြုံ​ရေး အ​စောင့်များကို​ ကျော်လျက် ဂို​ထောင်တံခါး တစ်ခုကိုဖွင့်ကာ ဝင်သွား​လေသည်။ ဝင်သွားသည့် အချိန်တွင် ​ရေခဲ​​သေတ္တာ၊ အဝတ်​လျှော်စက်၊ ​လေ​​အေး​ပေး စက်စသည့် အိမ်သုံး လျှပ်စစ်ပစ္စည်း များစွာကို ​တွေ့လိုက်ရသည်။ ယွင်ချဲ့မှာ ​လောဘကြီးသူ မဟုတ်သဖြင့် ပစ္စည်း ၃ မျိုးကိုသာ ယူရန် စီစဉ်ထားသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now