part 4

4K 583 3
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၄)

"သခင်က အခုမှ ​ရောက်ကာစဖြစ်လို့ ငယ်​​နေ​သေးတာပါ ကြာရင် အင်အားရလာတာ နဲ့အမျှ မြူ​တွေလည်း တဖြည်းဖြည်း​ ပျောက်သွားမှာပါ ... သခင် မြူ​နောက်ကွယ်က​ လောကက အရမ်းကြီးတာ ... မြစ်​တွေ၊ ​ရေကန်​တွေနဲ့ တခြား သတ္တဝါ မျိုးနွယ်​တွေ​တောင် ရှိ​သေးတယ် .. ဘယ်လိုဖြစ်ဖြစ်ပါ သခင်က အားနည်း​နေ​သေး​တော့ အကုန်လုံးကို မြင်ရ​အောင် လုပ်ဖို့က နည်းနည်း ခက်ဉီးမယ်"

ဘာမှန်းမသိရ​​သော သားရဲတစ်​ကောင်မှ နှိမ်ချ​ပြောဆိုခြင်း​ကြောင့် ယွင်ချဲ့ ​အောင့်သက်သက်နှင့် ခံလိုက်ရသည်။ ယခင်ဘဝနှင့် ယှဉ်လျှင် အခုဘဝတွင် သူအားနည်း​နေ​သေးသည်။ အရင်ဘဝတွင် သူ၏လျှပ်စီး စွမ်းအားမှာ အဆင့် ၆ ထိ ​ရောက်ခဲ့​သော်လည်း ယခုဘဝတွင် အဆင့် ၂ သာ ရှိ​သေးသည်။

"မင်းက ဘယ်လိုသားရဲ သတ္တဝါမျိုးလဲ"

သတ္တဝါ တစ်​ကောင်၏ နှိမ့်ချခြင်းကို မခံလိုသဖြင့် ယွင်ချဲ့ စကားလမ်း​ကြောင်း​ပြောင်းလိုက်သည်။ ထို​ကောင်မှာ မည်းနက်​သော အ​မွေးအမျှင်များ ဖုံးလွှမ်း​နေပြီး ခြင်္သေ့​ယောင်ယောင် ​ခွေး​ယောင်​ယောင် ဖြစ်​နေသည်။ ထိုသတ္တဝါကို တိဗက်​ဒေသမှ အစောင့်​ခွေးကြီးဟု ထင်လိုက်​သော်လည်း သားရဲကြီးမှာ အ​စောင့်​ခွေးဟု ​ခေါ်ရ​လောက်သည်ထက် ပို၍ ထူးဆန်းသားနား​နေသည်။

"ဘယ်လို သတ္တဝါမျိုးလဲ  ကျွန်​တော်က ဒီ​နေရာကို ​စောင့်​ရှောက်​နေတဲ့ အံ့ဖွယ်​တော​ကောင်ပဲ ရှင်းလား "

မထင်မှတ်စွာ သားရဲကြီးက စိတ်မရှည်ဟန် ဖြစ်သွားပြီး သူ၏​အ​မွေးနက်များကို ခါယမ်းကာ ယွင်ချဲ့ကို ​ဒေါသတကြီး စိုက်ကြည့်​လေသည်။ သူ၏သခင် ဆို​သော်လည်း ခွင့်လွှတ်​ပေးမည့်ပုံမ​ပေါ်​ပေ။

"မင်းက ဘယ်လို အံ့ဖွယ်​ တော​ကောင်မျိုးလဲ"

ယွင်ချဲ့ အားတင်းကာ မျက်လုံး လှန်ကြည့်လျက် ​မေး​လေသည်။ အကယ်၍များ အခြားသားရဲ​တော​ကောင်များသည်လည်း ထိုပုံစံသာဆိုလျှင် ကမ္ဘာကြီး ပျက်စီး သွားလိမ့်မည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now