Part 143

1K 140 0
                                    

143 01

အခန်း (၁၄၃.၁) စိတ်စွမ်းအင်ဖုတ်ကောင်

အဆောက်အဦး၏ သံမဏိတံခါးကြီးက ခိုင်မာသော်ငြား ခေတ်နောက်ကျသည်။ ပွင့်လျက်သား တံခါးတစ်ချပ်ရှိနေလေ၏။ ဖုတ်ကောင်များက တံခါးကနေတစ်ဆင့် အပြင်ကဆက်လက် ဝင်လာနေကြသည်။ ထိုကြောင့် ဖုတ်ကောင်များ အတောမသတ်နိုင်အောင် များနေလေ၏။ ယွင်ချဲ့နှင့် ရှင်းဖုန်း၏ မျက်နှာပေါ်ရှိ လေးနက်တည်ကြည်သည့် အကြည့်ဖြစ်စေသည်မှာ တံခါးပွင့်နေသောကြောင့် မဟုတ်ဘဲ တံခါးပွင့်နေရသည့်အကြောင်း၊ တံခါးအဘယ်ကြောင့် ပွင့်နေရလည်းဟူသည့် ကိစ္စကြောင့်ဖြစ်သည်။ ရှန်ရွေနှင့် ကျန်းရှန်တို့က တံခါးကို ကာအားဖြည့်ပေးနေ၏။ သူတို့က အားကိုးရာကား တိုက်ပွဲထဲ၌ ဝင်ပါနေကြသူများဖြစ်သည်။ ထိုကြောင့် လက်မှတ်ပေါက်ကို သော့ချက်ချသွားဖို့ မေ့စရာအကြောင်းမရှိပေ။ သို့သော် သူတို့အကြည့်များက လက်မှတ်ပေါက် ပွင့်နေကြောင်းပြောပြနေသည်။ အကြောင်းအရင်း နှစ်ရပ်သာရှိပေ၏။ တစ်ဖွဲတည်းရှိ တစ်စုံတစ်ယောက်က ၎င်းကိုဖွင့်ခဲ့တာ သို့မဟုတ် ဖုတ်ကောင်တစ်ကောင် လုပ်ခဲ့တာပဲဖြစ်သည်။

"အဆင့်ခြောက်ဖုတ်ကောင်တွေနဲ့ အဆင့်ခြောက်အထက်တွေက တွေးတောနိုင်တယ်လို့ ထင်လား"

တံခါးပေါက်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရှင်းဖုန်းက တွေးဆသည့်လေသံဖြင့် မေးလိုက်တော့၏။ သူတို့က အကြောင်းအရင်းကို ထုတ်ဖော်ရန်လိုအပ်သည်။

"ရှိတယ် ပုံမှန်ပြောရရင်ပေါ့ ဒါပေမဲ့ ထူးခြားတဲ့ကိစ္စမှာဆို စိတ်စွမ်းအင်ရှိတဲ့ တချို့ဉာဏ်ရည်မြင့်လူးသားတွေက ဖုတ်ကောင်တွေကနေ စိတ်စွမ်းအားကိုရနိုင်တယ် ဒါကြောင့် သူတို့ဉာဏ်ရည်တစ်စိတ်တစ်ပိုင်း ကျန်နေတာလေ အဆင့်သုံး စိတ်စွမ်းအားဖုတ်ကောင်က သုံးနှစ်သားတစ်ယောက်ရဲ့ ဉာဏ်ရည်ရှိလိမ့်မယ် စိတ်စွမ်းအားက လူသားနဲ့ဖုတ်ကောင်တွေကြားထဲမှာ တွေ့နေကြမဟုတ်ဘူး ပြီးတော့ ဖုတ်ကောင်တွေကြားထဲမှာထက် လူသားတွေကြားထဲမှာ စိတ်စွမ်းအားတွေက ပိုများတာ ဒီစွမ်းရည်က လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့ သက်ဆိုင်နေတယ်လေ လူသားတစ်ယောက်က ဖုတ်ကောင်ဖြစ်သွားပြီဆိုတာနဲ့ အဲ့ဒီလူရဲ့ ဆဲလ်တွေအားလုံး သေသွားပြီး စိတ်စွမ်းအားဖုတ်ကောင်တွေက အင်မတန် အရင်းအမြစ်မလုံလောက်ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ စိတ်စွမ်းအင်နိုးထလာတာက အသက်ရှင်နေတုန်းက ဉာဏ်ထက်ပြီးသား ဖုတ်ကောင်အချို့ကို ဖြစ်သွားစေပြီး ဖြေရှင်းဖို့အတွက် လှည့်ကွက်များလာစေတယ်"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now