Part 76

2K 322 2
                                    

Unicode

အခန်း (၇၆)

ကပ်ဘေး ဆိုက်သည်မှာ တစ်လပြည့်တော့မည် ဖြစ်သောကြောင့် မြို့ထဲတွင်လည်း လူသူ အလွန် ရှားပါးနေသည်။ ထုံထိုင်းသူပင်လျှင် မြို့ထဲမှ မထွက်ခွာမီ လိုအပ်သော အစားအသောက် ပစ္စည်းများ ယူသွားရမည်ဟု သဘောပေါက် ပေသည်။ ယွင်ချဲ့ သွားလိုသော ဆိုင်ကြီးများသည်လည်း ရှာဖွေမွေနှောက် ခံထားရပုံပင်။ ယန်းဟွိုင်အန်း ကြားသိထားသလောက်တွင် ထိုမြို့၏  လုံခြုံရေး စခန်းများမှာ ပဉ္စမပတ်လမ်း အပြင်ဘက်တွင် ရှိသည်။ အကယ်၍ လိုအပ်သည့် အရာများကို လာယူမည် ဆိုလျှင်တောင် တတိယပတ်လမ်းသို့ ရောက်လာနိုင်တော့မည် မဟုတ်ပေ။

ဉာဏ်ကောင်းသော ရှင်းဖုန်းနှင့် ယွင်ချဲ့တို့လည်း ရှုပ်ပွနေသော ဆိုင်ကြီးများမှ ပစ္စည်းများကို မသိမ်းဆည်းတော့ဘဲ ဆိုင်ကြီးများ အနောက်ရှိ ဂိုထောင်သို့သာ ပြေးသွားလေသည်။ ပုံမှန်အားဖြင့် ဈေးဝယ်စင်တာ ဆိုင်ကြီးများတွင် ပစ္စည်းများကို အချိန်မရွေး ပြန်လည် ဖြည့်တင်းနိုင်ရန် ဂိုထောင်ကြီးတစ်ခု ထားရှိရပေသည်။ ယွင်ချဲ့တို့ ရွေးချယ်မှု မှန်ကန် သွားသည်ဟု ဆိုရမည်။ အခြားပစ္စည်းများမှာ ကောင်းမွန်စွာ ရှိနေပြီး ရေခဲရိုက်ထားသော အရာများသာ ဓါတ်အားပြတ်တောက်မှုကြောင့် ချို့ယွင်း ပျက်စီးကုန်သည်။ လှည့်ပတ်ကာ ရွေးယူမည့်အစား ဂိုထောင် တစ်ခုလုံးကို နေရာအနှံ့ ပတ်သွားကာ ဂိုထောင်ထဲရှိသည့် အရာအားလုံးကို သိမ်းယူကာ နယ်မြေထဲသို့ ပို့ထားလိုက်သည်။

ထို့နောက် ယွင်ချဲ့ သွားလိုသော ပရိဘောဂဆိုင်သို့ သွားရာ လမ်းတွင် ဖုတ်ကောင်များ ပြည့်နေပါလျက်နှင့် မည်သည့်အရာမှ မရှိနေသကဲ့သို့ လမ်းလျှောက် ဖြတ်သွား ကြလေသည်။ ထိုဖုတ်ကောင်များမှာ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က ယဉ်ပါးအောင် လုပ်ထားသကဲ့သို့ ကျိုးနွံနာခံလျက် ရှောင်ထွက် သွားကြပြီး ရန်မမူကြသည့်အပြင် လမ်းကိုလည်း ရှင်းလင်း ပေးကြလေသည်။ ထိုမြင်ကွင်းကို တစ်ယောက်ယောက် မြင်ခဲ့လျှင် ထိုလူသည် အလွန် အံ့ဩနေမည်မှာ အမှန်ပင်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now