part 19

3.7K 614 8
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၁၉)

ကမ္ဘာပျက်ကပ်ဖြစ်ပြီး ဒုတိယမြောက်နေ့တွင် ဟွိုင်မြို့မှာ ဖုတ်​ကောင်များဖြင့် ပြည့်နှက်သွား​လေသည်။ မြို့ပြင်ကစ၍ မြို့ထဲ ရောက်သည်အထိ ယွင်ချဲ့ သတ်လာခဲသဖြင့် လမ်းတစ်​လျှောက်တွင် ခန္ဓာကိုယ်များ ပြည့်နှက်​နေသည်။။ အိမ်ထဲတွင် ပုန်းအောင်း နေကြသူများ ကလည်း ပြတင်းပေါက် မှတစ်ဆင့် သူတို့ကို​တွေ့ကာ အကူအညီ လှမ်းတောင်း ကြ​သော်လည်း ယွင်ချဲ့က သူတို့ကို လျစ်လျူရှုလျက် မိမိလုပ်ရမည်ကို ဆက်လုပ်​နေသည်။ ယခုကဲ့သို့ ခက်ခဲ​နေ​သော အ​ခြေအ​နေတွင် လူများကို သူလိုက်မကယ်နိုင်​ပေ။

ယွင်ချဲ့တို့ ဖုတ်​ကောင်များကို ထိပ်တိုက် မတွေ့​တော့ ​​ရှောင်ကွင်းရန် လူရှင်း​သော​နေရာများကို ရွေးသွားသည်။ သူတို့ ဖုတ်​ကောင်များကို ရှင်းလင်းရန် လာခြင်းမဟုတ်၊ ညီလေးကို လာကယ်ခြင်းပင်။

သူတို့ လမ်းမ​ပေါ်တွင် ​လျှောက်သွား​နေကြစဉ် လမ်းအဆုံးမှ​ နေ၍ ဖုတ်​ကောင်များ၏ ကျယ်လောင်​သော အသံနှင့်အတူ သေနတ်သံများကိုပါ ကြားလိုက်ရသည်။

ယွင်ချဲ့ လက်ကိုမြှောက်ကာ အားလုံးကို ရပ်စေလိုက်ပြီး ထိုအသံများကို သူအာရုံစိုက် နားထောင်​နေသဖြင့် ယွင်ယောင်နှင့် ကျိုးဇယ်ယွီတို့က သူ့ကိုသာ ကြည့်​နေကြသည်။ ယွင်ချဲ့ ​ပြောသကဲ့သို့ပင် သူတို့သာ အသားကျသွားလျှင် အရာရာ လွယ်ကူ သွားလိမ့်မည်။ လမ်းတစ်လျှောက်လည်း တိုက်ခိုက် လာရသဖြင့် သူတို့ကိုယ်​ပေါ်တွင်လည်း သွေးများစွန်း​​နေ​လေသည်။ မျက်နှာများတွင် သွေးမရှိသကဲ့သို့ ဖြစ်​​နေကြ​သော်လည်း ဖုတ်​ကောင်များနှင့် ​တွေ့သည့်အခါ ​ကြောက်ရွံ့ တုန်လှုပ်ခြင်း မရှိ​တော့​ပေ။

"ဖုတ်​ကောင်တွေ များတယ် ငါတို့ခွဲသွား...."

"အား ရှင်းဖုန်း .."

သူတို့ အ​ရှေ့တွင်ရှိ​သော ဖုတ်​ကောင်များကို ရင်ဆိုင်ရန် ယွင်ချဲ့ ပြင်လိုက်စဉ် စူးရှ​သော အော်သံက သူ့ကို ရပ်တန့် သွား​စေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now