unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အခန်း (၁၆)
အတိတ်ဘဝတွင် ကမ္ဘာပျက်ကပ်ကို လေးနှစ်တာ ကြုံတွေ့ခဲ့ရသဖြင့် မည်သည့် နေရာတွင် ယာဉ်ကြော ပိတ်သည်ဖြစ်ဖြစ် မြို့ထဲမှ ရှောင်ကွင်း ထွက်သွားရန် မောင်းနိုင်သည်အထိ အလွန် ကျွမ်းကျင်လှသည်။ ယွင်ယောင်မှာ အလွန် မူးနောက်နေသဖြင့် ခုံပေါ်လဲနေလိုက်သည်။ ယွင်ချဲ့လည်း ကားကို အာရုံစိုက် မောင်းနှင်ရင်းပင် နောက်ကြည့်မှန် မှတစ်ဆင့် သူမကို ခဏခဏ ကြည့်နေရသည်။ သူမ ပြောင်းလဲသွားမည်ကို ယွင်ချဲ့ အလွန် စိုးတိတ်မိသည်။ သူချစ်ရသူများ ဖုတ်ကောင် ဖြစ်သွားကြသည်ကို အတိတ်ဘဝတွင် တွေ့ကြုံခဲ့ရရုံနှင့် လုံလောက်ပါပြီ။ ထိုအဖြစ်အပျက်ကို သူထပ် မကြုံချင်တော့ပေ။
"အစ်ကိုရေ ဒီအစ်မက .... နေရထိုင်ရ မသက်သာဘူးလား"
ထိုသူက ဘေးတွင် ထိုင်နေသော ယွင်ယောင် သက်သောင့်သက်သာ မရှိသည်ကို တွေ့လိုက်သဖြင့် အတော်ကြာအောင် စဉ်းစားလိုက်ပြီး သတ္တိကိုစုကာ မေးလိုက်သည်။
"မင်းမှာ သေချာတဲ့ လမ်းကြောင်း ရှိပြီလား"
နောက်ကြည့်မှန် မှတစ်ဆင့် အကြိမ်များစွာ ကြည့်ပြီးနောက် ယွင်ချဲ့ မဖြေဘဲ မေးခွန်း ပြန်ထုတ်လိုက်သည်။ ထိုလူလည်း အံ့အားသင့်ကာ ခေါင်းခါလိုက်ပြီး စိတ်ပျက်လက်ပျက် ပြုံးကာ ...
"အဖေက ငါ့ကိုကယ်ဖို့အတွက် အမေကိုက်သတ်တာ ခံလိုက်ရတယ် ..."
စာနာခြင်း မရှိသင့်စကား ဆိုသော်လည်း သူဘာကြောင့် ပြောထွက်သွားသည်ကို မသိလိုက်။ သူ၏မသိစိတ်က ယွင်ချဲ့ကို ယုံကြည်အားကိုး ထိုက်သူဟု ခံစား
"အဲဒီတော့ ..?"
ယွင်ချဲ့ ဘာမှမကြားရသော လူတစ်ယောက်ကဲ့သို့ အလွန် သွေးအေးနိုင်လှသည်။ ထိုသူလည်း အသာအယာပြုံးကာ ...
"ဘာမှမဟုတ်တော့ဘူး"
သူဘယ်သူ့ဆီက သနားစာနာမှုကို မျှော်လင့်နေတာလဲ။ ဒီလို ဝရုန်းသုန်းကား ဖြစ်နေချိန် သူ့ကို ဘယ်သူကများ နှစ်သိမ့်ပေးနိုင်မှာလဲ။
YOU ARE READING
ကမ္ဘာပျက်ကပ်ကစစ်သည်တော်
Romanceဘာသာပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)