part 29

3.6K 526 4
                                    

Unicode
အခန်း (၂၉)

လင်းကျန်း မြို့သည် ဟွိုင်မြို့နှင့် ကီလိုမီတာ ရာချီသာ ကွာ​ဝေးပြီး အရင်အချိန်တွင် ထိုအကွာအ​ဝေးကို တစ်ရက်သာ မောင်းနှင် ရသော်လည်း ကမ္ဘာပျက်ပြီး နောက်တွင် အလွယ်တကူ သွားနိုင်သည့် အကွာအဝေး မဟုတ်တော့ပေ။ ဖုတ်​ကောင်များ အပြင် ဥပဒေ အထိန်းအကွပ် မဲ့နေသည့် လောကကြီးမှာ လူသားများအတွက် လွန်စွာ အန္တရာယ် များလှသည်။ မိမိအသက်ရှင်သန်ရေး အတွက် ကိုယ်ကျင့်တရားနှင့် တရားဥပဒေများကိုလည်း အချိန်မရွေး ချိုးဖျက် နိုင်ကြသည်။

သနားညှာတာ တတ်သော ယွင်​ယောင် အပါအဝင် အခြား သူများသည်လည်း အသက်ရှင်ချင်လျှင် ရက်စက်တတ်ရမည် ဟူသော သဘောတရားကို ရက်အနည်းငယ် အတွင်း နားလည်ခဲ့ကြလေသည်။

တစ်ပတ် ကြာပြီး​နောက် လင်းကျန်းမြို့ နယ်စပ်သို့ ရောက်လာခဲ့ကြသည်။ ​ရုတ်တရက် ဟေးယွီ ဘယ်ကို သွား​သည့် အကြောင်းနှင့် လင်းကျန်း မြို့သို့ ဘာ​ကြောင့် လာရသည့် အကြောင်းကို ယွင်ချဲ့အား မည်သူမှ မမေးကြ​ပေ။ လမ်းတစ်လျှောက်တွင်လည်း ဖုတ်​ကောင်များကို သတ်ကာ အမြု​တေများကိုလည်း ရှာ​ဖွေစု​ဆောင်း ခဲ့ကြသည်။ အစပိုင်းတွင် ဖုတ်ကောင်များကို ခေါင်းဖြတ်သည့်အခါ ယွင်ချဲ့ မှအပ အခြားလူများ အကုန် မူးဝေအော့အန် ကြသော်လည်း ယခုအခါတွင် နေသားကျ လာကြ​လေသည်။ လူသားမျိုးနွယ် ဆိုသည်မှာ ဇွဲကြီးကာ အထိုက်အလျောက် ပြောင်းလဲ နေထိုင်နိုင်သော သူများဖြစ်ပေသည်။

လိုအပ်သော ပစ္စည်းများကိုလည်း လမ်း​တစ်လျှောက် ရှာ​ဖွေကာ စုဆောင်းခဲ့ကြသည်။ ယွင်ချဲ့သည်လည်း သူ့တွင် ​မှော်နယ်​မြေ စကြဝဠာရှိသည့် အကြောင်းကို မဖုံးကွယ် ထားခဲ့​ပေ။ ပထမအချက် သူသည် ပစ္စည်းများကို ​လေထုထဲမှ​နေ၍ အချိန်မ​ရွေး အထုတ်အသွင်း လုပ်နိုင်သည်။ ဒုတိယအချက် ယွင်ချန်၏ တည်နေရာကို ဖုံးကွယ်၍ မရနိုင်​ပေ။ သို့သော် သူ၏​ မှော်နယ်​မြေသည် ပစ္စည်းများ သိမ်းဆည်း ထားနိုင်ရုံသာမက အခြားသော မှော်စွမ်းအင်များ ရှိသည်ကို သူကလွဲ၍ မည်သူမှ မသိ​ပေ။ လူတစ်ယောက်ကို သူယုံကြည်စိတ်ချခြင်း မရှိသ​ရွေ့ မဟုတ်ပေ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now