part 49

3K 493 3
                                    

Unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၄၉)

ညဘက်တွင် အိမ်ရာက ပို၍ လင်းထိန်နေသည်။ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ အောက်ထပ် ဆင်းလာသည့်အခါ ကြောင်တောင်တောင် ဖြစ်သွားရသည်။ ယွင်ချဲ့လည်း နှုတ်ဆက်ကာ ယွင်ယောင် ရှိသော ဒုတိယထပ်သို့ တက်သွားလေသည်။ အလင်းစွမ်းအင်နဲ့ ကုသပေးပြီးနောက် ယွင်ယောင်၏ ဒဏ်ရာမှာ ပျောက်ကင်းသွားပြီး အမာရွတ်ပင် မကျန်တော့သော်လည်း အနားယူရန် လိုအပ်ပေသည်။ အနားယူခြင်းက သူတို့အတွက် ကောင်းမွန်သော အားဆေးပင်။

အခန်းထဲတွင် ကျန့်ယာဖေးမှာ ခုတင်ဘေးတွင် မီလျက် ငိုက်နေပြီး ယွင်ချဲ့ ဝင်လာသည်ကိုပင် သတိမထားမိပေ၊ ချန်ချန်မှာ ချိုလိမ်ကို စုပ်လျက် အမေဖြစ်သူ၏ ဘေးတွင် အိပ်နေသည်။

"ငါဂရုစိုက်လိုက်မယ်"

"ဟင် !"

ထိုအသံက ကျန့်ယာဖေး ကိုနိုးစေသည်။

"ဒီနေ့ခင်း ကတည်းက ငါနားပြီးသွားပြီ မအိပ်ငိုက်တော့ဘူး ရှင်ရော"

ကျန့်ယာဖေး မတ်တပ်ရပ်ကာ သူ့ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်သဖြင့် တစ်ခုခုမှားနေသည်ဟု တွေးလိုက်သည်။ ယွင်ယောင် အခြေအနေကို ကြည့်လျက် သူမ အဆင်ပြေကြောင်း သေချာတော့မှ ယွင်ချဲ့ ခုံပေါ်တွင် ထိုင်လိုက်သည်။

"ဘာဖြစ်ခဲ့တာလဲ ပြောပြ"

သူတို့မှာ သက်တူရွယ်တူတွေ ဖြစ်ကြပြီး ကျန့်ယာဖေးက မိန်းကလေး ဆိုသော်လည်း အလွယ်တကူ မကြောက်တတ်ပေ။ သို့သော် တစ်ခုခုဖြစ်ခဲ့ပုံပင်။

"လုဟိုင်ရွှမ်းလေ သူတို့ ပြောတာတော့ သူပြောင်းလဲသွားပြီး အဲဒီနေရာမှာပဲ အသတ်ခံ လိုက်ရတယ်တဲ့"

သူမမျက်လုံးများ နီရဲလာပြီး ငိုလေသည်။ သူတို့ အချင်းချင်း သိကြသည်မှာ မကြာသေးသော်လည်း ခရီးလမ်း တစ်လျှောက် အတူတူ တိုက်ခိုက်ခဲ့ကြသဖြင့် ရင်းနှီးသည်ထက် ပို၍ ခင်မင်လာကြသည်။ ထိုသတင်းဆိုးကို ကြားခဲ့စဉ်က ကျန့်ယာဖေး အငိုမရပ် သကဲ့သို့ အခုလည်း ငိုနေမိပြန်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်حيث تعيش القصص. اكتشف الآن