part 27

3.6K 578 1
                                    

Unicode

အခန်း (၂၇)

"ဟေး အဲဒီရွှေခေါင်းစွပ်နဲ့ သံချပ်ကာကို စမ်းဝတ်ကြည့်လို့ ရမလား ?"

ရုတ်တရက် ဩရှရှစကားသံ ထွက်လာပြီး အခြားသူများ သတိမထား လိုက်ချိန်တွင် လူတစ်ယောက် ခုန်ဝင်လာကာ ပါ​မောက္ခ ဝမ်ကို ဓါးရှည်နှင့် လွဲရိုက်ချလိုက်သည်။

ချလွမ်

ယခုတစ်ခါတွင် ပါ​​မောက္ခ ဝမ်၏ ဘယ်ဘက်ပခုံး​ပေါ်တွင် ကြီးမား​သော ချိုင့်ရာတစ်ခု ထင်သွားကာ ခန္ဓာကိုယ်မှာလည်း အ​နောက်သို့ ယိုင်သွား​လေသည်။

"သေစမ်း ​ရွှေသံချပ် အစွမ်းပဲ .. မင်းတို့နှစ်ယောက် ကျန်တဲ့လူတွေကို ရှင်းထားလိုက် ဒီလူအိုကြီးကို ငါ့တာဝန်ထား"

ကွေးသွား​သော ဓားကိုကြည့်ကာ ကျိုးဇယ်ယွီ ကျိန်ဆဲလိုက်သည်။ ပါ​မောက္ခ ဝမ်၏ သံချပ်ကာကို မထိုး​ဖောက် နိုင်ခဲ့သဖြင့် သူမ​ကျေနပ်​သေး​ပေ။

"အင်း"

လန်ယဲ့ဟန်နှင့် လုဟိုင်ရွှမ်းတို့ တစ်​ယောက်ကို တစ်​ယောက်ကြည့်ရင်း ​ခေါင်းညိတ်ကာ ပါမောက္ခ ဝမ်ကို​ ​ကျော်လျက် အ​နောက်ဘက်တွင် ရှိသူများထံသို့ ဉီးတည်သွား​လေသည်။

"လေ … မင်းမှာက ​လေစွမ်းအင်ရှိတာလား ?"

ပခုံး​ပေါ်မှ ချိုင့်သွား​သော အရာကိုကြည့်ကာ အ​ရှေ့တွင် ရပ်​နေ​သော သူကို ပါ​မောက္ခ ဝမ် ​ဒေါသတကြီးနှင့် ကြည့်လိုက်သည်။ ပါ​မောက္ခ ဝမ်မှာ စွမ်းအင်ရှိသည်ဟု သိလိုက်ရသည့် အချိန်က ဘုရား​ပေးသည့် လက်​ဆောင်ဟု မှတ်ယူခဲ့​သော်လည်း သူတစ်​ယောက်တည်း မဟုတ်ဘဲ လန်ယဲ့ဟန် အပြင် သူ့အ​ရှေ့တွင် ရပ်​နေ​သော လူတစ်​ယောက်တွင်လည်း စွမ်းအင် ရှိ​နေခဲ့​လေသည်။

"ခင်ဗျားတစ်ယောက်ပဲ စွမ်းအင်ရှိတယ်လို့ ထင်နေတာလား ?"

ကျိုးဇယ်ယွီ ပခုံး​ပေါ်သို့ ဓါးကိုတင်ကာ သ​ရော်ဟန်ဖြင့် ​ပြောလိုက်သည်။ အမှန်စင်စစ် ကျိုးဇယ်ယွီမှာ စွမ်းအားရကာစ အချိန်ဖြစ်သည်။ သူလာခဲ့ရာ လမ်းတွင် ဖုတ်ကောင်၏ ကုတ်ခြစ်ခြင်း ခံရသဖြင့် ယွင်ချဲ့ ​ပေး​သော​ ရေကိုသောက်ပြီးနောက် ကိုယ်ထဲသို့ စွမ်းအင်တချို့ စီးဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ ယွင်ချဲ့ကို ​ပြောရန် အချိန်မရ လိုက်မီပင် သူ့ထံတွင် ​လေစွမ်းအား ရှိ​နေ​ကြောင်း ​သေချာသွားခဲ့​လေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Όπου ζουν οι ιστορίες. Ανακάλυψε τώρα