part 38

3.3K 515 1
                                    

Unicode

အခန်း (၃၈)

"အယ် ... ဉီးဉီးရော မြင်ရတာလား"

ယွင်ချဲ့ မေးသော စကားကြောင့် ချန်ချန်မှာ သူ၏ရတနာကို ဝေမျှလိုက်ရ သကဲ့သို့ ပျော်ရွှင်စွာ ခေါင်းညိတ် လိုက်သည်။ သို့သော် ယွင်ချဲ့မှာ ပို၍ မျက်နှာပျက် လာပြီး ....

"ဘယ်ချိန်တုန်းက ရှိသွားတာလဲ"

"သားမှာ အမြဲရှိနေတာပဲကို ... ဉီးဉီး  ..ဒီမှာကြည့် ..."

ရတနာတစ်ခုခုကို ထုတ်ပြ လိုက်သကဲ့သို့ ရေဘောလုံးကို ယူထုတ်ပြ လိုက်သဖြင့် ယွင်ချဲ့ ထိတ်လန့် သွားပြန်သည်။ သူ အစွမ်းနှစ်ခု ရှိနေတာလား။

ယွင်ချဲ့ ဘာမှ မပြောနိုင်သေးချိန် ချန်ချန်၏ နောက်လက်တစ်ဖက်တွင် မီးတောက် တစ်ခုပေါ်လာကာ ချန်ချန်၏ ဝကစ်နေသည့် လက်ကလေး ရွေ့ရာနောက်လိုက်ကာ ရွေ့လျားနေသည်။ ထို့အပြင် ရွှံ့မြေတစ်တုံးနှင့် အခန်းထောင့်မှ အပင်စိုက်ထားသော ပန်းအိုးတို့မှာလည်း ထိုမီးတောက် သွားရာနောက် လေထဲတွင် လိုက်ပါ လွှင့်မျောနေသည်။

ချန်ချန်မှာ အစွမ်းများ အားလုံးကို ပိုင်ဆိုင်ထားသူ ဖြစ်နေသဖြင့် ယွင်ချဲ့ ငိုချင်မိလာသည်။ အလွန် ပျော်နေသော ကလေးငယ်ကြောင့် ယွင်ချဲ့ မည်သို့ တုံ့ပြန်ရတော့မည်ကိုပင် မသိတော့ပေ။ အကြောင်းမှာ အစွမ်းအားလုံး ပိုင်ဆိုင်ထားသူ မှန်သမျှ ထိုအစွမ်းများကို ကောင်းမွန်စွာ မထိန်းချုပ် နိုင်ကြခြင်းကြောင့်ပင်။

ယွင်ချဲ့ကို ဥပမာအနေဖြင့် ဆိုရလျှင် သူ့တွင် လျှပ်စီးအလင်း စွမ်းအားနှင့် လေထုစွမ်းအားရှိနေပြီး လျှပ်စီးအလင်း စွမ်းအားမှာ သူပြန်လည် မွေးဖွားလာစဉ်က အဆင့် ၂ သို့ ရောက်နေသည်။ ယခုတွင် လန်ယဲ့ဟန်၏ မီးစွမ်းအားမှာ အဆင့် ၂ သို့ ရောက်နေပြီ ဖြစ်သော်လည်း ယွင်ချဲ့၏ လျှပ်စီးအစွမ်းမှာ အခုထိ အဆင့် ၂ တွင်သာ ရှိနေသေးသည်။

အကြောင်းပြချက်က ရိုးရိုးရှင်းရှင်းပင်၊ သူ၏လေထု စွမ်းအားမှာ မနေ့ကပင် အဆင့် ၂ သို့ ရောက်ရှိ သွားခဲ့ခြင်းကြောင့် ဖြစ်သည်။ စွမ်းအားတစ်မျိုးထက် ပို၍ ပိုင်ဆိုင် ထားသူများသည် ရှိနေသည့် စွမ်းအားများ အဆင့်တိုးတက်ရန် အတွက် လေ့ကျင့်ရန် လိုအပ်ပေသည်။ စွမ်းအားနှစ်ခု ရှိနေသော သူ့အတွက်ပင် အဆင့်တိုးတက်ရန် ခက်ခဲစွာ လုပ်ဆောင် နေရသည်ဆိုလျှင် စွမ်းအားများစွာ ပိုင်ဆိုင်ထားသူ ဆိုလျှင် ဘယ်လောက်များ အခက်အခဲ ကြုံတွေ့လိုက်လေမလဲ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Όπου ζουν οι ιστορίες. Ανακάλυψε τώρα