Part 91

1.9K 272 1
                                    

Unicode
အခန်း (၉၁)

အသက် ၂၀ ရောက်သည့် အချိန်တွင် ကျန်းရှန်မှာ ယဲ့ရှင်းချန်နှင့် ဆုံစည်းနိုင်မည့် အခွင့်အရေး ရလာခဲ့သည်။ ထိုအချိန်တွင် ကျန်းရှန်မှာ အနုပညာ အသိုင်းအဝိုင်းတွင် ထိပ်တန်းစာရင်းဝင် တေးရေးနှင့် ရုပ်ရှင် ဇာတ်ညွှန်းရေး ဆရာတစ်ယောက် ဖြစ်နေလေသည်။ ယဲ့ရှင်းချန်၏ ကိုယ်စားလှယ် ဖြစ်သူက ကျန်းရှန်အား ယဲ့ရှင်းချန်၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲများ အတွက် သီချင်းအသစ် ဆယ်ပုဒ်ခန့် ရေးစပ် ပေးစေလိုသည့် အပြင် ကျန်းရှန် သည်လည်း အခွင့်အရေး စောင့်မျှော်နေခဲ့ရသူ ဖြစ်သည့် အလျောက် အကောင်းဆုံး ကြိုးစားပေးခဲ့ပြီး ပုဂ္ဂိုလ်ရေး အရလည်း ယဲ့ရှင်းချန်နှင့် ဆုံတွေ့ခွင့် ရခဲ့သည်။ သို့သော် အချစ်စိတ် တစ်ခုတည်းဖြင့် ကြိုးစား အားထုတ်ခဲ့ခြင်း ဖြစ်သည်ကို ကျန်းရှန် သတိမထားမိခဲ့ပေ။

နောက်နှစ်နှစ်အတွင်း အခြား အလုပ်ကိစ္စများ အားလုံးကိုပင် ငြင်းဆန်ခဲ့ပြီး ယဲ့ရှင်းချန် အတွက်သာ သီချင်းနှင့် ဇာတ်ညွှန်းများ ရေးခဲ့သည်။ ယဲ့ရှင်းချန်အား သန်းပေါင်း များစွာသော ပရိသတ်များ အားပေးကြသည်ကို နှစ်သက်ပြီး စင်မြင့်ထက်တွင် ယဲ့ရှင်းချန် သီဆိုကခုန် နေသည်ကို သူကြည်နူးသည့်အပြင် ဇာတ်လမ်းတိုင်းတွင် ယဲ့ရှင်းချန် ပါဝင်သရုပ်ဆောင် ရသည်ကိုသာ ဖြစ်​စေချင်သည်။

သို့သော် မထင်မှတ်စွာ ကပ်​ဘေး ဆိုက်​ရောက်လာပြီး အရာအားလုံး ပျောက်ကွယ် ပြီးဆုံး သွားရသည်။ ကပ်​ဘေး မဖြစ်မီ သူ့အား မောကြည့်ရုံမျှသာ တတ်နိုင်သော လူအချို့က ယဲ့ရှင်းချန်အား အဓမ္မမှုဟု မဆိုသာ​သော လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု လုပ်ရန် ကြိုးစား နေသည်ကို စီရင်စုမြို့တော်၌ ကျင်းပသော ပွဲတစ်ခုသို့ ကျန်းရှန် တက်ရောက် နေချိန်တွင် မြင်တွေ့လိုက်ရသည်။ ကျန်းရှန်လည်း နာကြည်း ဒေါသတို့​ကြောင့် စိတ်လွတ်သွားပြီး သတိထားမိသည့် အချိန်တွင် တူရိယာ ပစ္စည်းများနှင့် လက်နှိပ်စက် ပေါ်တွင်သာ ရှိနေခဲ့သော သူ၏လက်များမှာ သွေးများ စိုရွဲနေလေသည်။ အမှန်ပင်၊ သူထိုသူများ အားလုံးကို သတ်ခဲ့သည်။ ယဲ့ရှင်းချန်နှင့် ပရောပရည် လုပ်ရန် ကြိုးစားနေသော ထိုသူများ အားလုံးကို သတ်၍ သူနှင့်အတူ ထွက်ပြေး လာခဲ့သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now