Part 93

1.8K 269 0
                                    

Unicode

အခန်း (၉၃)

ကတုံး(ခေါင်းတုံး) ပုံစံမှာ ရယ်စရာ​ ကောင်းသည် ဆို​သော်လည်း ထိပ်ဉီးအဖွဲ့၏ အမှန်တကယ် စွမ်း​ဆောင်ရည်မှာ ​လှောင်​ပြောင်စရာ မဟုတ်​ပေ။ သူတို့၏ တာဝန်ကို စတင်ပြီး ၃ ရက်​မြောက်နေ့တွင် အဖွဲ့သုံးဖွဲ့ထဲမှ ​ရွေးချယ်ခံထားရ​သော လူများပါဝင်သည့် အဖွဲ့ဝင် ၂၀ ခန့်ရှိ​သော အဖွဲ့သည် စခန်း၏ ဝင်​ပေါက်တွင် စီရီ​နေကြသဖြင့် အခြားအဖွဲ့များနှင့် စစ်သားများက ဖြတ်သွားဖြတ်လာ လုပ်ကာ သူတို့ကို ကြည့်နေကြသည်။ သူတို့အဖွဲ့သည် မည်သူကမှ စိန်​ခေါ်ယှဉ်ပြိုင်ခြင်း မရှိခဲ့​သော SSS တာဝန်ကို ပြီး​မြောက်​စေရန် သွား​ရောက်လုပ်​ဆောင်ကြမည် ဖြစ်သည့် အ​ကြောင်း စခန်းအနှံ့ ​တောမီးသဖွယ် သတင်းပျံ့ သွား​လေသည်။

"လူစုံကြပြီလား"

ခေါင်းဆောင်သုံး​ယောက် ​တွေ့ဆုံသွားကြပြီး ​လေတာ့ရှန်အား ယွင်ချဲ့ ပြုံးကာ နှုတ်ဆက် လိုက်သည်။ ​လေတာ့ရှန်၏ နောက်လိုက် ရှစ်ယောက်မှာ သန်မာပြီး စွမ်းအား မသုံးဘဲနှင့် အဆင့်နိမ့် ဖုတ်​ကောင် တစ်​ကောင် နှစ်​ကောင်ကို လက်ဗလာဖြင့် တိုက်ခိုက် နိုင်လိမ့်မည်ဟု ထင်ရသည်။ ​လေတာ့ရှန်မှာ သူ၏အဖွဲ့ထဲမှ အသန်မာဆုံး​သော စွမ်းအားရှင်များကို ​​ရွေး​ခေါ်လာခဲ့ပုံပင်။

"ခေါင်းဆောင် ယွင် .. မင်းဆံပင်က ..."

ကတုံး(ခေါင်းတုံး) ပုံစံဖြစ်​နေ​သော ယွင်ချဲ့နှင့် သူ၏အဖွဲ့သားတို့ကို ကြည့်ကာ ​လေတာ့ရှန် ရယ်လုနီးပါး ဖြစ်သွား​သော်လည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ မရယ်မိ​စေရန် မျက်နှာကို တမင် တင်းမာ ထားလိုက်ပြီး လေတာ့ရှန်၏ အဖွဲ့ဝင်များလည်း အံ့အားသင့် သွားကြသည်။ စွမ်းအားရှင် အဖွဲ့အစည်းတွင် ယွင်ချဲ့ကို​ တွေ့ခဲ့သည်က ၂ ရက် ၃ ရက်သာ ကြာ​​သေးသော်လည်း ဘာ​ကြောင့်များ ကတုံး(ခေါင်းတုံး)​တွေနဲ့ ဖြစ်သွားကြတာလဲ။

"ကျုပ်​ခေါင်းကို​ပြောတာလား ... လန်းတယ်မလား !"

မဆီမဆိုင် ယွင်ချဲ့ သူ၏​ခေါင်းကို ရိုက်ကာ​ ပြောလိုက်ပြီး မျက်နှာကို ပြန်တည် ထားလိုက်သည်။ ထို့​နောက် လူအ​ယောက် ၂၀ ဆံ့​သော ဘတ်စ်ကား တစ်စီးကို ယူထုတ်လိုက်ပြီး ....

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now